Spice Girls အဖွဲ့ဝင်များ ပြန်လည် ဆုံတွေ့ကြ

alt

တချိန်က ဗြိတိန် ဂီတလောက၏ အမျိုးသမီး အဆိုတော် အဖွဲ့အနက် Icon သဖွယ် ဖြစ်နေခဲ့သော Spice Girls အဖွဲ့ဝင်များသည် လန်ဒန်မြို့တွင် ညစာ စားပွဲတရပ် ကျင်းပရင်း အမှတ်တရ ပြန်လည် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ (၁၇)ရက် နေ့ညက မယ်လာနီဘရောင်း၊ မယ်လာနီချင်ရှောင်း၊ အီမာဘာတန် တို့သည် လန်ဒန်မြို့ ကင်းဘရစ် အနီးရှိ Palm Restaurant တွင် တွေ့ဆုံ ခဲ့ကြသည်။ သို့သော်လည်း ထိုပွဲသို့ Spice Girls အဖွဲ့၏ အကျော်ကြားဆုံး အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရသူ ဗစ်တိုးရီးယား ဘက်ခမ်း မှာမူ ရောက်မလာ ခဲ့ချေ။

ဗစ်တိုးရီးယား သည် ဂီတလောကမှ အနားယူပြီးနောက် ဖက်ရှင် ဒီဇိုင်နာနှင့် မော်ဒယ် လုပ်ငန်းများတွင် မအားလပ်နိုင်အောင် ရှိနေသဖြင့် အဖွဲ့ဝင်ဟောင်းများ အမှတ်တရ တွေ့ဆုံပွဲသို့ မလာနိုင်ကြောင်း သိရှိရသည်။

ဗစ်တိုးရီးယား သည် သူမနှင့် ခင်ပွန်းသည် အင်္ဂလန် ဘောလုံးသမား ဒေးဗစ်ဘက်ဟမ်းတို့ ပိုင်ဆိုင်သည့် dVb အမှတ်တံဆိပ် ဖက်ရှင် အဝတ်အထည် များအား နယူးယောက် ဖက်ရှင် သီတင်းပါတ်တွင် ၀င်ရောက် ပြသနိုင်ရေး အတွက် အကြီးအကျယ် လုံးပမ်း နေရသဖြင့် အမေရိကန်မှ လန်ဒန်သို့ ပြန်မလာ နိုင်ကြောင်း Spice Girls အဖွဲ့ဝင်ဟောင်း များအား အကြောင်းကြား အသိပေး ခဲ့သည်။

Spice Girls အဖွဲ့သည် လျှမ်းလျှမ်းတောက် အောင်မြင်မှုများ ရရှိပြီးမှ ပြန်လည် ပြိုကွဲသွားခဲ့ပြီး တဦးချင်းစီ သီးသန့် အယ်လ်ဘမ်များ ထုတ်ဝေရန် ကြိုးစားသော်လည်း မအောင်မြင် ခဲ့ကြပေ။ သူမတို့ အားလုံးအနက် ဗစ်တိုးရီးယား သည် လူသိအများဆုံး Celebrity အဖြစ် ဆက်လက် တည်ရှိနေသော်လည်း ဂီတလောက တွင်မူ ကြီးကြီးမားမား တကိုယ်တော် စွမ်းဆောင်မှုမျိုး မပြုလုပ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here