မြန်မာနိုင်ငံသား ထိုင်းနိုင်ငံ ဂုဏ်ဆောင်ခဲ့ပြီ

alt

တနင်္ဂနွေနေ့က ဂျပန်နိုင်ငံ မာကူဟာရီ ကွန်ပလက်ဇ် ချီဘား ခရိုင်တွင် ကျင်းပသော အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲတွင် တိုင်းပြည်မဲ့သူ မြန်မာ နိုင်ငံသား မောင်သောင်းဒီ ( အသက် – ၁၂နှစ် ) သည် ထိုင်းနိုင်ငံ ကိုယ်စားပြု၍

ဝင်ရောက် ယှဉ်ပြိုင်ရာ အသင်းလိုက် ပြိုင်ပွဲတွင် ထိုင်းနိုင်ငံအား ကိုယ်စား ပြုကာ ပထမ ရရှိခဲ့ပြီး တဦးချင်း ပြိုင်ပွဲတွင် တတိယဆု ရရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ National Mental and Material Tenology (Mtec) တွင် ကျင်းပသော စက္ကူလေယာဉ် ပြိုင်ပွဲမှ သူ၏ စက္ကူ လေယာဉ်မှာ လေထဲတွင် ၁၂.၅၀ စက္ကန့် အကြာ ပျံဝဲနိုင်၍ ပထမဆု ရရှိကာ ယခုလို ဂျပန်နိုင်ငံ အိုမီဂါရီ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသူ ဖြစ်လာခဲ့ရသည်။

သွားရောက် ယှဉ်ပြိုင်မည့် ကာလများတွင် ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ နိုင်ငံမဲ့သူ မောင်သောင်းဒီအား ခရီးသွားလက်မှတ် ထုတ်ပေးရန် ငြင်းဆန် ခဲ့သော်လည်း၊ ထိုင်း အစိုးရ မဟုတ်သော အဖွဲ့များနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ကြားဝင် ဆောင်ရွက်မှုကြောင့် ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ မှ ခွင့်ပြုခဲ့ရာ ယခုကဲ့သို့ မြန်မာနိုင်ငံသား ထိုင်းနိုင်ငံ ဂုဏ်ဆောင်မည့်သူ ဖြစ်လာခဲ့ရသည်။

ယခု စက္ကူလေယာဉ် အမြန်ခေါက်ချိုး၍ လေပေါ် အကြာဆုံး လွှတ်တင်သည့် အိုမီဂါရီ ပြိုင်ပွဲတွင် မောင်သောင်းဒီမှာ ၃ကြိမ် စံချိန်ယူသည့် ပွဲ၌ အောင်ပွဲဆင်ရန် ၁၁စက္ကန့် အကြာသာ လွှတ်တင် နိုင်ခဲ့သော်လည်း မိမိ၏ စံချိန်ဟောင်းအား မချိုးဖျက် နိုင်ခဲ့ချေဟု ဂျပန်နိုင်ငံထုတ် မိုင်နိချိ သတင်းစာကြီးတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here