နိုင်ငံ ကာကွယ်ရေး အတွက် နျူလက်နက်များ မလိုအပ်ဟု အီရန်သမ္မတ ပြောကြား

alt

မိမိတို့ နိုင်ငံ ကာကွယ်ရေး ကဏ္ဍ အတွက် နျူကလီးယား လက်နက်များ မလိုအပ်ကြောင်း အီရန် သမ္မတ မိုဟာမက် အာမက် ဒီနီဂျက် က ပြောကြား လိုက်သည်။

၎င်းတို့ ဖော်ဆောင် နေသော နျူကလီးယား စီမံကိန်းသည် လက်နက် အတွက် မဟုတ်ဘဲ စွမ်းအင်ကဏ္ဍ အတွက်သာ ဖြစ်ကြောင်း၊ အီရန် အတွက် နျူကလီးယား လက်နက်လည်း မလိုအပ်ကြောင်း အာမက် ဒီနီဂျက်က အမေရိကန် သတင်းဌာန NBC နှင့် အင်တာဗျူးတွင် ပြောကြား သွားခဲ့သည်။

ထို့အပြင် အီရန်၏ နျူကလီးယား  စီမံကိန်းကို မည်သို့မည်ပုံ ၀ိုင်းဝန်းဖိအား ပေးနေစေကာမူ လက်လျှော့ရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်းလည်း သမ္မတကြီးက အတည်ပြုခဲ့သည်။ NBC သတင်းဌာနနှင့် အင်တာဗျူးတွင် အာမက် ဒီနီဂျက်သည် ၎င်း၏ ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီးလည်း မည်သည့် ပြဿနာမှ မရှိပါဟု ပြောကြား သွားခဲ့သေးသည်။

သို့သော်လည်း လတ်တလောတွင် အီရန်၏မြို့တော် တဟီရန်ရှိ အထူးလုံခြံုရေး တပ်ဖွဲ့များသည် သမ္မတကြီး၏ အတိုက်အခံများက ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ် လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် အသင့်အနေအထား တပ်လှန့်မှုများ ပြုလုပ် ထားရသည်။

အာမက် ဒီနီဂျက် ကမူ ၎င်းသည် နိုင်ငံအား ကောင်းစွာ အုပ်ချုပ်နေပြီး ယူရေနီယမ် စုဆောင်း နေမှုကိုလည်း ဆိုင်းငံ့ထားမည် မဟုတ်သလို နောက်လအတွင်း ကျင်းပဖွယ်ရှိသည့် အီရန်နှင့် ကမာ္ဘ့ ထိပ်သီး (၆)နိုင်ငံ၊ အနုမြူ ဆွေးနွေးပွဲ အတွက်လည်း တစုံတရာ ဖိအားမရှိကြောင်း NBC သို့ ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here