၂၀၁၀ ခုနှစ် နောက်ပိုင်း Facebook မှ အကျိုးအမြတ် ရှာဖွေတော့မည်

alt

ကမာ္ဘ့ အကြီးဆုံး Social Networking ၀ဘ်ဆိုဒ်ကြီး Facebook သည် (၂၀၁၀) ခုနှစ် နောက်ပိုင်းတွင် ငွေကြေး အကျိုးအမြတ် ဖော်ဆောင်ရေး အတွက်

ပါ ရည်မှန်းချက်ထား လုပ်ဆောင် တော့မည် ဖြစ်ကြောင်း ၀ဘ်ဆိုဒ် တည်ထောင်သူ မက်ဇူကလာ က ပြောကြားခဲ့သည်။ Facebook သည် စက်တင်ဘာလ ထဲတွင် အသုံးပြုသူ သန်း(၃၀၀)ကျော် အထိ မြင့်တက်  လာပြီဖြစ်ပြီး လွန်ခဲ့သည့် (၂)လခွဲ အချိန်နှင့် နှိုင်းယှဉ်ပါက လူသန်း(၅၀) အထိ ပိုများလာခြင်း ဖြစ်သည်။

Facebook သည် အသုံးပြုသူ များအတွက် စိတ်အနှောင့်အယှက် မဖြစ်နိုင်သော အခြေအနေမျိုးမှ ငွေရပေါက် ရလမ်းအတွက် လေ့လာနေပြီ ဖြစ်ကြောင်း၊ ကာလရှည်ကြာ ပေးသွားရမည့် ၀န်ဆောင်မှု အတွက် ၀င်ငွေပြန်လည် လိုအပ်နေကြောင်း ဇူကလာက Blog တွင် ရေးသား ဖော်ပြထားသည်။

ဇူကလာ၏ စီမံကိန်းသည် တစထက်တစ အဖွဲ့ဝင်ဦးရေ တိုးပွားနေသည့် Facebook ၏ အောင်မြင်မှုကြောင့် မျှော်မှန်းသည်ထက် အကျိုးသက်ရောက် လာဖွယ် ရှိနေသည်။ Facebook မှ အင်ဂျင်နီယာဌာန ဒုတိယ အကြီးအကဲ မိုက်ရှာရိုဖားက မကြာမြင့်မီ ကာလ အတွင်းမှာပင် Facebook ကို ပုံမှန် သုံးစွဲနေသူ အရေအတွက်မှာ တဘီလျံ အထိ ရောက်ရှိလာမည်ဟု ယုံကြည် ထားမိကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here