ဗင်နီဇွဲလား မယ်စကြာဝဠာ ပျိုးထောင်ရေးအဖွဲ့ စီးပွားရေး အခက်ကြုံ

alt

၂နှစ် ဆက်တိုက် မယ်စကြာဝဠာဘွဲ့ ဆွတ်ခူး ပေးခဲ့သော်လည်း ဗင်နီဇွဲလား မယ်များ ပျိုးထောင်ပေးရေး အဖွဲ့ချုပ် သည် ကမာ္ဘ့ စီးပွားပျက်ကပ် ဒဏ်ကို မရှောင်လွှဲ နိုင်ကြောင်း သိရှိရသည်။

ပြည်တွင်း “မယ်စကြာဝဠာ” ပျိုးထောင်ရေး အဖွဲ့သည် မယ်စကြာ ၀ဠာ ဘွဲ့ထူးကို အမေရိကန် ပြီးလျှင် သမိုင်းတလျှောက် အများဆုံး စံချိန်တင် ရရှိနိုင်အောင် ပျိုးထောင် ပေးခဲ့သော်လည်း လက်ရှိ အချိန်တွင် ရပ်တည်ရန် ခက်ခဲလာပြီ ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် စက်တင်ဘာ (၂၄)ရက် နေ့တွင် ပြုလုပ်မည့် လာမည့် နှစ်အတွက် မယ်စကြာဝဠာ ပြိုင်ပွဲဝင် ဗင်နီဇွဲလားမယ် အလောင်းအလျာ ရွေးချယ်ပွဲကို ကျင်းပ နိုင်ရေးမှာလည်း အကြပ်အတည်းများ ကြံုတွေ့ နေရသည်။

အထူးသဖြင့် မယ်လောင်းများအား စခန်းသွင်း လေ့ကျင့်ရေး အသုံးစရိတ် များတွွင် ပြဿနာ ရှိလာနိုင်ကြောင်း အဖွဲ့မှ အကြီးအကဲ အော့စမဲ ဆိုဆာ က ၀န်ခံခဲ့သည်။ ဗင်နီဇွဲလားမယ် အတွက် ဖက်ရှင်ကဏ္ဍနှင့် အသားအရေ ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်း များတွင်လည်း စီးပွား ပျက်ကပ်ကြောင့် ချွေတာမှုများ ပြုလုပ် ရနိုင်ကြောင်း အော့စမဲက ညည်းညည်းညူညူနှင့် ပြောကြား သွားခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံသည် မယ်စကြာဝဠာ ပြိုင်ပွဲများတွင် အထူး အောင်မြင်မှု ရရှိထားပြီး (၂၀၀၉)ခုနှစ် မယ်စကြာဝဠာ ရွေးပွဲကို ဘဟားမားတွင် ပြီးခဲ့သည့်လက ကျင်းပ ခဲ့ရာတွင်လည်း ဗင်နီဇွဲလားမှ အသက်(၁၈)နှစ် အရွယ် စတက်ဖနီယာ ဖာနန်ဒက်စ် ကပင် သရဖူဆောင်း သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here