အမျိုးသမီး အမျိုးသားများပါ ရောကစားသည့် အမေရိကားမှ ဘော်လုံးပွဲ

alt

အမေရိကန် နိုင်ငံတွင် အခြေချ ရွေ့ပြောင်း နေထိုင်သူများ များပြား လာသည့် အလျောက် ၃ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ စီးတီး ဘိုင်ဘယ် ခရိယာန် ဘုရား ရှိခိုးကျောင်းများမှ ဦးစီး ကမကထ ပြုသောလူမျိုးပေါင်းစုံ

မိုးရာသီ ဘော်လုံး ပြိုင်ပွဲအား တမူ ထူးခြားစွာ ယနေ့ စက်တင်ဘာလ ၁၉ရက် နံနက် ၁၀နာရီတွင် အော်ရီဂန် ပြည်နယ် ပို့တ်လန်းင်းမြို့တွင် ယနေ့ ကျင်းပနိုင်ခဲ့သည်။

ဘောလုံး အားကစား ( Soccer ) ခေတ်မစား လှသော အမေရိကန်  နိုင်ငံတွင် အားကစား ကဏ္ဍ သွေးတိုးစမ်းမှု တခုအနေနှင့် အလွတ်တန်း အပျော် လူမျိုးပေါင်းစုံ ဖိတ်ခေါ်ခြေစမ်း ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဆောင် ကော်မတီမှ ခရိယာန် သင်းအုပ်ဆရာ ဦးကင်းမန်ဇန်မှ လူထုအသံသို့ ဖြေကြား ခဲ့သည်။

ယနေ့ ကျင်းပသော ပွဲစဉ်များတွင် မြန်မာ၊ ခရိုအေးရှား၊ စပိန်၊ လာအို၊ စီးတီး ဘိုင်ဘယ်လ် အသင်း၊ ပို့တ်လန်းင်း ကျမ်းစာသင်ကျောင်း၊ အမေရိကန် အသင်းတို့ ပတ်လည်ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကြရာ အမေရိကန် အသင်းမှ ပထမရရှိ၍ မြန်မာအသင်းမှ ဒုတိယ ရရှိ သွားခဲ့သည်။ နောင်လာမည့် နှစ်များတွင် အခြားသော အသင်းအဖွဲ့များအား ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ကျင်းပ သွားမည်ဟု သိရှိရသည်။

ယင်းဘော်လုံးပွဲ၏ ထူခြားမှုမှာ ပြိုင်ပွဲဝင် အသင်းများအား ခြေစွမ်းညှိုမှု အနေဖြင့် အမျိုးသမီး ၃ဦး ထည့်သွင်း ကစားစေခြင်း ဖြစ်ပြီး မြန်မာ အသင်းတွင် ချင်းအမျိုးသမီး Vung ၊ စီတီး ဘိုင်ဘယ်လ် ကောလိပ်မှ အမေရိကန်သူ ခရစ္စတီးနား၊ ကရင် အမျိုးသမီးများ ဖြစ်သော လီးလီ၊ ကပေါ်ဖေါ်၊ ဖေါလမူး တို့ အင်တိုက်အားတိုက် ဝင်ရောက် ကစားကြသည်ကို တွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here