ပါကစ္စတန် အနောက်မြောက်ပိုင်း ဟိုတယ်ဗုံး ပေါက်ကွဲမှုဖြစ်ပွား

alt

ပါကစ္စတန် အနောက်မြောက်ပိုင်း လူစည်ကားရာ ဈေးတခု အနီးရှိ ဟိုတယ် အသေးစား တလုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ(၁၂)ဦး ထက်မနည်း သေဆုံး သွားကြောင်း သိရှိရသည်။

ကိုဟတ်မြို့ရှိ ဗုံး ပေါက်ကွဲမှုကြောင့် အခြားလူ (၁၅)ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင် များက အတည်ပြု ခဲ့သည်။

စက်တင်ဘာ (၁၈)ရက် နေ့က ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်မှုမှာ အသေခံ ဗုံးသမား တဦးက ဖောက်ခွဲရေး ပစ္စည်းများ အပြည့်အသိပ် တင်လာသည့် ကားတစင်းကို လူအုပ်ကြားထဲ အတင်း မောင်းဝင်ရာမှ ဖြစ်ပွားခဲ့ခြင်းဟု ကာချာပါကာ ဈေးအနီးမှ မျက်မြင်တဦးက သတင်းထောက် များအား ပြောကြားခဲ့သည်။

ဗုံးကြောင့် ဈေးအတွင်း ဆိုင်အတော် များများနှင့် ရပ်ထားသော မော်တော်ကား များလည်း မီးလောင် ပျက်စီး သွားခဲ့ရသည်။ ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေး ၀န်ထမ်းများသည် အပျက်အစီး ပုံများအကြား အသက်ရှင်လျှက် ကျန်ရစ် နေနိုင်သည့် သူများအား လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်။

ယခု ဖြစ်စဉ်သည် ကိုဟတ်မြို့တွင် တပါတ်အတွင်း ဒုတိယ အကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်လာခဲ့ပြီး စက်တင်ဘာ (၁၇)ရက် နေ့ကလည်း ဆိုင်တဆိုင် အနီး ဗုံးပေါက်ကွဲခဲ့ရာ လူ(၆)ဦး ဒဏ်ရာများ ရရှိသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here