လင်ဆေးလိုဟန် နေအိမ် ဖောက်ထွင်းမှု အတွက် ဆယ်ကျော်သက် တဦးအား ဖမ်းဆီးထား

alt

လော့စ် အိန်ဂျယ်လိစ် ရဲတပ်ဖွဲ့က လင်းဆေး လိုဟန် ၏ နေအိမ်အား ဖောက်ထွင်း ၀င်ရောက်ခဲ့သူဟု ယူဆ ရသည့် ဆယ်ကျော်သက် တဦးအား ဖမ်းဆီး ထားလိုက်ကြောင်း သိရှိ ရသည်။

အသက် (၂၃)နှစ် အရွယ် အဆိုတော်၊ ရုပ်ရှင်မင်း သမီးလေး၏ နေအိမ်သည် ပြီးခဲ့သည့် လက အမည်မသိ လူငယ် (၃)ဦး ဖောက်ထွင်း ၀င်ရောက်မှုကို ခံခဲ့ရကြောင်း လုံခြံုရေးကင်မရာ မှတ်တမ်းများက ဖော်ပြလျှက် ရှိသည်။

အသက် (၁၈)နှစ် အရွယ် နီကိုလတ် ပရာဂိုသည် ယင်း (၃)ယောက် အနက်တွင် ပါ၀င်ဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့က ယုံကြည်နေပြီး အာမခံကြေး (၂၀၀၀၀) သတ်မှတ်ကာ ထိန်းသိမ်းထား လိုက်ပြီ ဖြစ်သည်။

ထို့အပြင် နီကိုလတ်နှင့် အလိုတူ အလိုပါ ဖောက်ထွင်းမှု ကျူးလွန်ခဲ့သည်ဟု ယူဆရသော အခြားလူငယ် (၂)ဦးကိုလည်း ရဲများက ခြေရာခံလျှက် ရှိနေပြီး၊ လိုဟန်သည် ပြီးခဲ့သည့်လက ဖောက်ထွင်းခံရစဉ် အတွင်း အဖိုးတန် ပစ္စည်းများရော၊ အဝတ်အထည်များပါ အပါအဝင် အတွင်းပစ္စည်း အချို့ ပါသွားခဲ့သလို Sex Tape များပင် သူခိုးများလက်သို့ ရောက်ရှိသွားကြောင်း သူမ၏ Twitter Account မှတဆင့် ၀န်ခံထားသည်။

သူမသည် ညဘက် အပြင်ထွက်လည်ရာတွင် အိမ်တံခါးကို မပိတ်ခဲ့မိသဖြင့် ထိုသူခိုးများက အလွယ်တကူ ၀င်ရောက် သွားကြခြင်း ဖြစ်နိုင်ကြောင်း၊ ကင်မရာ မှတ်တမ်းများ အရ ယင်းတို့သည် ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ အခန့်သင့် တွေ့ရှိသဖြင့် အိမ်ထဲဝင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ သူမ၏ ဖောက်ထွင်းခံရသည့် ပစ္စည်းများအနက် တရားဝင် ၀ယ်ယူနိုင်သည့် Sex Tape များပါ ပါသွားခဲ့ကြောင်း လိုဟန်က Twitter တွင် ရေးသားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here