ယေးလ် တက္ကသိုလ်ကျောင်းသူအား သတ်ဖြတ်ခဲ့သည့် တရားခံ ရုံးတင်စစ်ဆေး

alt

အသတ်ခံရသည့် ယေးလ် တက္ကသိုလ် ကျောင်းသူအား သတ်ဖြတ် ခဲ့သည်ဟု ယူဆ ရသည့် သူမ၏ လုပ်ဖော် ကိုင်ဖက် အမျိုးသား အား ရဲတပ်ဖွဲ့က စက်တင်ဘာ (၁၇)ရက် နေ့တွင် စတင် ရုံးထုတ် စစ်ဆေး နေပြီ ဖြစ်သည်။

အသက် (၂၄)နှစ်ရှိ ရေမွန်ကလတ် အား New Heavenမြို့ အထူး ထိန်းသိမ်းရေး စခန်းတွင် ထားရှိပြီး အဲန်နာလီးအား သတ်ဖြတ်မှု အတွက် ရဲတပ်ဖွဲ့၏ သံသယ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် ဖမ်းဆီး ခံထားရသည်။

၎င်းသည် အသက် (၂၄)နှစ်ရှိ အဲန်နာ ပျောက်ဆုံး သွားသည့်နေ့က အဲန်နာနှင့် အတူ ဓာတ်ခွဲခန်း တခုထဲတွင် အတူ အလုပ်လုပ်နေသည့် ဓာတ်ခွဲခန်း ပညာရှင်လည်း ဖြစ်သည်။ အဲန်နာ၏ ရုပ်အလောင်းကို စက်တင်ဘာ (၁၅)ရက် နေ့က ယေးလ် တက္ကသိုလ်ရှိ နံရံတခု အနောက်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလတ် အတွက် ရဲတပ်ဖွဲ့က အာမခံကြေးကို ဒေါ်လာ(၃)သန်း အထိ သတ်မှတ်ထားပြီး DNA စစ်ဆေးမှုများ ပြုလုပ် ပြီးပါက အဲန်နာအား သတ်ဖြတ်ခဲ့သူမှာ ကလတ် ပင်ဖြစ်ကြောင်း သက်သေ ပြနိုင်မည်ဟု ယုံကြည်နေသည်။ ကလတ် သည် စစ်ဆေးမှုများ အတွင်း သွေးအေးအေး ပုံစံမျိုး ရှိနေပြီး စကားလည်း သိပ်မပြောကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အဲန်နာသည် စက်တင်ဘာ (၁၃)ရက် နေ့တွင် လောင်းအိုင်းလန်းသို့ သွားရောက် လက်ထပ်ရန် စီစဉ်ထားသည့် သတို့သမီးလောင်း ဖြစ်သော်လည်း သူမ မျှော်လင့်တောင့်တ ခဲ့သော သတို့သမီး ၀တ်စုံကို ဆင်မြန်းခွင့် မရခဲ့ရှာ တော့ပေ။

ယေးလ် တက္ကသိုလ် ကျောင်းသူလေး အဲန်နာ သေဆုံးမှုသည် အမေရိကန် တနိုင်ငံလုံး၏ အာရုံ အစိုက်ခံရဆုံး မှုခင်းတခု ဖြစ်လာသလို သံသယရှိသူ ကလတ် မှာလည်း အခြားထောင်ကျများ၏ ရန်ပြုမည်ကို စိုးရိမ်သဖြင့် ရဲများက သီးသန့်ခွဲခြား ချုပ်နှောင် ထားရကြောင်း ကွတ်နက်တီကတ်မှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here