Twitter သုံး၍ ဖုန်း ခေါ်ဆိုနိုင်သည့် Application စတင်ထုတ်ဝေ

alt

Twitter မှတဆင့် ဖုန်းခေါ်ဆိုမှု ပြုလုပ် နိုင်မည့် Application တမျိုးကို Jajah က စတင် ထုတ်ပေးလိုက်ပြီ ဖြစ်သည်။

အဆိုပါ Application ကို အသုံးပြုပြီး အင်တာနက် Social Networking ၀က်ဘ်ဆိုက် Twitter အား အသုံးပြုသူ များသည် အင်တာနက် ဖုန်းခေါ်မှုကို (၂)မိနစ် အထိ အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။

[email protected] ဟု အမည် ပေးထား သည့် ယင်း Application ကို လက်တလောတွင် Beta အဆင့် အဖြစ်သာ သတ်မှတ် ရသေး သော်လည်း နောက်ပိုင်းတွင် ပိုမို တွင်ကျယ်စွာ လူသုံး များလာမည်ဟု Jajah က မျှော်လင့်နေသည်။

Twitter သည်လည်း ယခု Application ကို ဈေးကွက်ဆိုင်ရာ ကုန်သွယ်မှု အချက်အလက်များ အချိန်နှင့် တပြေးညီ ဖြည့်ဆည်း ပေးနိုင်ရန် ပြင်ဆင်လျှက် ရှိသည်။ စက်တင်ဘာ (၁၇)ရက် နေ့က ထုတ်ဝေ လိုက်သည့် Application အသစ်အား (၂)မိနစ် အထိ အခမဲ့ အသုံးပြုနိုင်ပြီး ထိုထက် ပိုကြာပါက အခကြေးငွေ ပေးသွင်းရန် စီစဉ် ပေးထားသည်။

Twitter သည် ယခု Feature အသစ်အား My Account Page ထဲမှ under My Service အမည်ဖြင့် Link တခု သီးသန့် ထည့်သွင်း ပေးထားသည်။ Jajah ၏ Beta Version ဖြစ်သော Application ကို လက်ရှိတွင် လူတိုင်း အသုံးမပြုနိုင်သေးပဲ သတ်မှတ်ထားသော User များကိုသာ စမ်းသပ်ခွင့် ပေးထားသည်။

အကယ်၍ ယင်း Application အား အစမ်း သုံးစွဲကြည့်လိုပါက [email protected] သို့ email ဖြင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here