အမေရိကန် လူမျိုး ၈သန်းကျော် သေကြောင်း ကြံစည်ရန် စိတ်ကူးခဲ့ကြ

alt

အမေရိကန် လူမျိုး(၈)သန်း ကျော်သည် ပြီးခဲ့သော နှစ်အတွင်းက သေကြောင်း ကြံရန် စိတ်ကူးများ ပေါက်ခဲ့ကြောင်း စစ်တမ်း တခုတွင် ဖော်ပြထားသည်။

အထူးသဖြင့် အရွယ်ရောက်ပြီး သူများ သည် လူငယ်ပိုင်းထက် ကိုယ့်ကိုကိုယ် သတ်သေချင်စိတ် ပိုများလာကြောင်း ပြည်ထောင်စု အစိုးရက ကောက်ခံ ထားသော စစ်တမ်းများက ဖော်ပြ နေသည်။

လူဦးရေ (၈.၃)သန်းသည် ယမန်နှစ် အတွင်း ကိုယ့်ကိုကိုယ် သတ်ပစ်ချင်စိတ် ပေါ်လာခဲ့ကြောင်း၊ (၂.၃)သန်းသည် သေကြောင်းကြံရန် အစီအစဉ်ပင် ရေးဆွဲခဲ့ပြီး (၁.၁)သန်း မှာမူ ကိုယ်ထိ လက်ရောက်ပင် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

(၂၀၀၈)ခုနှစ် အတွင်း ယင်းကဲ့သို့ သတ်သေလိုသူ အရေအတွက်သည် သိသိသာသာ တိုးမြင့်လာခြင်းမှာ အမေရိကန် လူမှုရေးစနစ်တွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေခြင်းကို ညွှန်ပြနေကြောင်း စိတ်ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှု အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောဆိုခဲ့သည်။

ထို့အပြင် သတ်သေလိုသူ များသည် အသက်အရွယ် အလိုက် အရေအတွက်ပိုင်း ကွာခြားမှု မြင့်မားကြောင်း ယင်းအဖွဲ့က ဆိုသည်။ ယောက်ျား များမှာမူ မိန်းမများထက် သတ်သေလိုစိတ် မြင့်မားခဲ့ပြီး ကိုယ်ထိလက်ရောက် သတ်သေခဲ့သူ (၆၂.၃) ရာခိုင်နှုန်းသည် ဆေးဝါး ကုသမှုများ ပြုလုပ်ပြီးနောက် ချက်ချင်း အိမ်ပြန်ခွင့် ရခဲ့ကြောင်း စစ်တမ်းက ဖော်ပြနေသည် (၄၆) ရာခိုင်နှုန်းမှာမူ ဆေးရုံတွင် တညထက်မက နေခဲ့ရပြီး အမှန်တကယ် သတ်သေ ဖြစ်သွားသည့် ပမာဏမှာမူ သတ်သေရန် ကြိုးစားသည့် အတိုင်းအတာနှင့် နှိုင်းယှဉ်ပါက အတော်လေး နည်းပါးနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here