နျူကလီးယား ဆိုင်ရာ အီရန်နိုင်ငံနှင့် ဆွေးနွေးပွဲ နေရာ အတိအကျ မသတ်မှတ်ရသေး

alt

အီရန်နှင့် ကမာ္ဘ့ထိပ်သီး (၆)နိုင်ငံတို့ နျူကလီးယား ဆွေးနွေးပွဲ ကျင်းပမည့် နေရာအား အတိအကျ မသတ်မှတ် ရသေးကြောင်း အီရန် နိုင်ငံခြားရေး ၀န်ကြီး မာနူချာ မိုတက်ကီက ပြောကြားလိုက်သည်။

ယခုထက်တိုင် ကျင်းပမည့် နေရာကို အတည်ပြု မသတ်မှတ် နိုင်သေးပါဟု မိုတက်ကီက သတင်းထောက် များ၏ မေးမြန်းမှုအား ဖြေဆိုသွားသည်။

ဥရောပ ယူနီယံ နိုင်ငံခြားရေး မူဝါဒအဖွဲ့ အကြီးအကဲ ဂျာဗီယာ ဆိုလာနိုက အီရန်နှင့် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံများ ဆွေးနွေးပွဲ ကျင်းပမည့် နေရာမှာ တူရကီ နိုင်ငံသာ ဖြစ်နိုင်ခြေ အများဆုံးဟု သုံးသပ် ထားသည်။

ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင် (၅)နိုင်ငံနှင့် ဂျာမနီတို့သည် အီရန်၏ နျူကလီးယား စီမံကိန်းများနှင့် ပတ်သက်ပြီး ယခု ဆွေးနွေးပွဲတွင် အကောင်းဆုံး ဖြေရှင်းမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်နေကြသည်။ သို့သော်လည်း ယခု ဆွေးနွေးပွဲသည် အီရန်က (၆)နိုင်ငံ ကိုယ်စားလှယ် များဖြင့် တွေ့ဆုံမှုသာ ဖြစ်နေပြီး အမေရိကန်နှင့် တဦးချင်း ဆွေးနွေးမှုမျိုး လုံးဝ မလုပ်နိုင်ကြောင်း ဆိုလာနိုက ကြိုတင် ပြောဆိုထားသည်။

ထို့အပြင် အပြန်အလှန် ညှိနှိုင်းမှုများသည် တဖက်သတ် ဖိအားပေးမှုများ ပြုလုပ်လာပါက ပျက်ပြယ် သွားနိုင်ကြောင်းလည်း ဆိုလာနိုက သတိပေး ထားသည်။ အီရန်သည် ယခု ဆွေးနွေးပွဲတွင် တကမာ္ဘလုံး နျူကလီးယား ထိန်းချုပ်ရေး ကိစ္စများကို အသားပေး ပြောဆိုသွားဖွယ် ရှိနေသော်လည်း ၎င်းတို့နိုင်ငံ၏ နျူကလီးယား လုပ်ငန်းများအား အတိအကျ မပြောကြားဘဲ နှုတ်ဆိတ် နေနိုင်ကြောင်း လေ့လာသူများက ခန့်မှန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here