အကျိုးပြု လုပ်ငန်း ဆောင်ရွက်ရသည် ့ပြစ်ဒဏ် ခရစ်ဘရောင်း စတင် ထမ်းဆောင်

alt

ရက်ပါ ခရစ်ဘရောင်းသည် ဗာဂျီးနီးယား ပြည်နယ်တွင် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်မှုကို စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။

၎င်းသည် ချစ်သူဟောင်း R&B အဆိုတော် ရီဟာနာအား နှိပ်စက် ရိုက်နှက် ခဲ့မှုကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ကို ကျခံနေရခြင်း ဖြစ်သည်။ အသက် (၂၀)အရွယ် ဘရောင်းသည် ထိုကဲ့သို့ လူမှုရေး လုပ်ငန်းများကို (၆)လ ကြာအောင် ဆောင်ရွက် ရမည်ဖြစ်ပြီး ရီဟာနာ နှင့် ကိုက်(၁၀၀)ကျော် အကွာတွင် (၅)နှစ် ကြာအောင် နေရမည် ဖြစ်သည်။

ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပွားခဲ့သည့် ရီဟာနာအား ရိုက်နှက်မှု အတွက် ပြစ်ဒဏ် ကျခံနေသူ ဘရောင်းက ၎င်းသည် လူမှုရေး လုပ်ငန်းများကို စက်တင်ဘာ (၁၆)ရက် နေ့မှ စတင် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း Twitter တွင် ရေးသား ဖော်ပြထားသည်။

ဘရောင်းသည် ဗာဂျီးနီးယားတွင် ကားများကို ဆေးကြောပေးခြင်း၊ ချုံရှင်းပေးခြင်း၊ အမှိုက်သိမ်း ပေးခြင်း၊ လမ်းဘေး နံရံများတွင် ရေးခြစ် သွားသည့် Graffiti ပန်းချီများကို လိုက်ဖျက်ပေးခြင်း စသည်တို့ကို လုပ်အားပေး ဆောင်ရွက်နေပြီဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here