ချဲလ်ဆီး အသင်း CEO ရာထူးမှ နှုတ်ထွက်တော့မည်

alt

ချဲလ်ဆီး အသင်း၏ CEO ဖြစ်သူ ပီတာ ကင်ညွန်မှာ ထိုရာထူးမှ နှုတ်ထွက် တော့မည် ဖြစ်သည်။

ပီတာသည် အောက်တိုဘာလ အကုန်တွင် ချဲလ်ဆီး၏ အမြဲတမ်း CEO အဖြစ်မှ အနားယူ တော့မည်ဟု အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်းက အတည်ပြုခဲ့ပြီး ဒါရိုက်တာ တဦး အနေနှင့်မူ ဆက်လက် ရပ်တည် နေမည်ဟု ယနေ့ ကြေညာ လိုက်သည်။

မန်ချက်စတာ ယူနိုက်တက်၏ CEO ဟောင်းလည်း ဖြစ်သည့် ကင်ညွန်သည် ချဲလ်ဆီးတွင် ရလဒ်ကောင်းများ ဖော်ဆောင်ရေး အတွက် အဓိက စွမ်းဆောင် ခဲ့သော်လည်း ဘရာဇီးနည်းပြ လူးဝစ်ဖိလစ် စကိုလာရီ ထုတ်ပယ် ခံရပြီးနောက် ၎င်း၏ကဏ္ဍမှာ တစထက် တစ မှေးမှိန် လာခဲ့ရခြင်း ဖြစ်သည်။

စကိုလာရီသည် ကင်ညွန်၏ ထောက်ခံမှုဖြင့် ချဲလ်ဆီးသို့ ရောက်ရှိ လာခဲ့သော်လည်း မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ရာထူးကို စွန့်ခွာ သွားရသူ ဖြစ်သည်။ ထို့နောက်ပိုင်း တွင်မူ ချဲလ်ဆီး၏ အားကစား ဒါရိုက်တာ ဖရန့်အာနီဆင်မှာ ပိုမို ဩဇာကြီးလာပြီး ကင်ညွန်မှာမူ .ခုလို အခြေနေဆိုး အထိ ယိမ်းယိုင် လာခဲ့ရပြီ ဖြစ်သည်။

ယခုအခါ ကင်ညွန် နှုတ်ထွက်ချိန်တွင် လစ်လပ်သွားမည့် CEO ရာထူးအတွက် ချဲလ်ဆီးက လူသစ်တဦး ရှာဖွေ နေရပြီဖြစ်သည်။ ချဲလ်ဆီးသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေသော်လည်း ကစားသမား ခေါ်ယူရာတွင် မရိုးမသားမှုကြောင့် အပြောင်းအရွှေ့ ဈေးကွက်တွင် အပိတ်ပင် ခံထားရခြင်း အပါအဝင် အခြား ပြဿနာများက ကင်ညွန်အား CEO ရာထူးကို စွန့်ခွာစေရေး ဖိအားပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here