သမီးအရင်းကို သားမယား ပြုကျင့်သည့် ဩစတြေးလျ လူမျိုးအား ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး

alt

ဩစတြေးလျ လူမျိုးတဦးသည် နှစ်ပေါင်း (၃၀)ကျော် ကြာအောင် သမီး အရင်းအား မုဒိမ်းကျင့် နေခဲ့ကြောင်း ဖော်ထုတ် နိုင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီး ထားကြောင်း ကြေညာခဲ့သည်။

ယခု ဖြစ်ရပ်သည် အလွန် တုန်လှုပ်စရာ ကောင်းပြီး အဓမ္မ သမား၏ သားကောင် ဖြစ်ရရှာသည့် ၎င်း၏ သမီးအား ငဲ့ကွက်သော အားဖြင့် တရားခံ၏ အမည်ကို ရဲတပ်ဖွဲ့က ဖော်ထုတ်ခြင်း မရှိခဲ့ပေ။

မဲဘမ်းမြို့တွင် နေထိုင်သည့် ယင်းပုဂ္ဂိုလ်သည် ၎င်း၏ သမီးနှင့်အတူ ကလေး (၄)ယောက်ပင် ရရှိခဲ့ပြီး ဖြစ်သည်။ ထိုသူသည် သမီးဖြစ်သူအား (၁၉၇၀)ပြည့်လွန် နှစ်များ ကတည်းက ယုတ်မာစွာ ကျင့်ကြံလာခဲ့ပြီး ထိုစဉ်က ၎င်း၏သမီးမှာ အသက် (၁၁)နှစ်သာ ရှိသေးသည်။

ထို့နောက်တွင် ဆက်လက် သည်းခံလိုစိတ် ကုန်ခမ်းသွားပြီ ဖြစ်သည့် သမီးက ဖေဖော်ဝါရီ လတွင် ရဲအား တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသူသည် ယင်းစွပ်စွဲမှုကို ငြင်းဆန်ခဲ့သော်လည်း DNA စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၎င်းသမီး၏ သားသမီး များသည် ယင်း၏ ကလေးများပင် ဖြစ်နေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ထိုသူသည် ဇနီးသည်အား ရက်စက် ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိပြီး ၎င်းအား ငြင်းဆန်ပါက ထိုကဲ့သို့ပင် ဒုက္ခ ကြံုရစေမည်ဟု (၁၁)နှစ်သာ ရှိသေးသော သမီးကို ခြိမ်းခြောက်ပြီး ပြုကျင့် လာခဲ့ခြင်း ဖြစ်သည်။ ထိုသူသည် တရားရုံးတွင် အမှု ရင်ဆိုင်ရမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက နှစ်ရှည် ထောင်ဒဏ် ကျခံရဖွယ် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here