ကမာ္ဘ့ အရပ်အမြင့်ဆုံး ပုဂ္ဂိုလ် တူရကီ နိုင်ငံသား

alt

ကမာ္ဘပေါ်တွင် အရပ်အမြင့်ဆုံး ပုဂ္ဂိုလ်အဖြစ် တူရကီ နိုင်ငံသား ဆူလတန် ကူဆန် က ဂင်းနက်မှတ်တမ်း စံချိန်ဝင်သွားပြီ ဖြစ်သည်။

ဆူလတန်သည် ယခုအခါ (၂၀၁၀)ခုနှစ်၊ ဂင်းနက်မှတ်တမ်း စာအုပ်အတွက် Promotion ပြုလုပ်ရန် လန်ဒန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ဆူလတန်သည် ကြီးထွား ဟိုမုန်းများအတွင်း ပုံမှန် မဟုတ်သော အကြိတ်ရောဂါ တမျိုး ဖြစ်ပေါ် ခံစားနေရ သဖြင့် ယခုကဲ့သို့ မတန်တဆ အရပ်မြင့် လာခြင်းဖြစ်သည်။

ဆရာဝန်များသည် ဆူလတန်၏ အကြိတ်အား ယမန်နှစ် အတွင်း ခွဲစိတ် ပေးလိုက်ပြီးနောက် လက်ရှိ အရပ် (၈)ပေ (၁)လက်မထက် ပိုကာ အရပ် မမြင့်နိုင်တော့ဟု ခန့်မှန်းထား ကြသည်။

ယူကရိန်း နိုင်ငံသား လီယိုနော့ စတန်နစ်မှာ အရပ်(၈)ပေ (၅.၅) လက်မ အထိ ရှိသည်ဟု နာမည်ကြီး နေသော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေ အရ လူရှေ့ထွက်ကာ တရားဝင် တိုင်းတာမှုများ ပြုလုပ်ရေးမှာ အလွန် ပင်ပန်းသည်ဟု ဆိုကာ ငြင်းဆန်ခဲ့သဖြင့် ဆူလတန်က ကမာ္ဘ့ အရပ် အရှည်ဆုံးသူ ဖြစ်လာခဲ့သည်။

စတန်နစ် သည် အာရုံကြော အားနည်းမှုများ ဆိုးဆိုးရွားရွား ခံစားနေရပြီး အရပ်ရှည်ခြင်း ကိုပင် အလွန် မုန်းတီးနေကြောင်း ပြောကြားခဲ့ပြီး ကမာ္ဘ့ အရပ်မြင့်ဆုံး ဆိုသည့် ဂုဏ်ပုဒ်မှာလည်း ၎င်းအတွက် တန်ဖိုး မရှိကြောင်း ပြောဆိုလိုက်သည်။

(၂၀၀၉) ခုနှစ်၊ ဂင်းနက်မှတ်တမ်း စာအုပ်တွင် ကမာ္ဘ့ အရပ်အမြင့်ဆုံး လူသားအဖြစ် ဖော်ပြခံရသည်မှာ တရုတ်နိုင်ငံသား ဘိုစီရှမ်း ဖြစ်ပြီး ၎င်း၏အရပ်မှာ (၇)ပေ (၉)လက်မ ရှိသည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here