ဘာတဲ့လဲ Barcamp Myanmar

alt

နိုင်ငံတကာတွင် အပျော် သဘော ဖြစ်စေ၊ လူမှုရေးအရ ဖြစ်စေ၊ ဒေသန္တရ ဗဟုသုတ အလို့ငှါ ဖြစ်စေ ခြေခင်း လက်ခင်း သာသည့် နေရာများသို့ ရည်ရွယ် ချက်များ တခုခုဖြင့် ညအိပ် ညနေ Camping ခရီးထွက်လေ့

ရှိကြသည့် နည်းတူ ယခု ခေတ်တွင်မူ အချို့ နိုင်ငံများတွင် ရည်ရွယ်ချက်တူ လူငယ်များ စုစည်း၍ သင်းပင်ဖွဲ့ကာ နည်းပညာ ဖလှယ်လို၍ ထိုသို့ Camping ခရီးထွက်ခြင်းမျိုး လုပ်ဆောင်လာလေ့ ရှိကြသည်။

အချို့မှာ ဒေသတွင်း နိုင်ငံများ အလိုက်၊ ပြည်နယ်၊ မြို့၊ ရွာများ အလိုက် Camping လုပ်ဆောင် လာကြသည်။ မြန်မာ နိုင်ငံတွင်လည်း Barcamp Myanmar ဟူသော လွတ်လပ်သော နည်းပညာ ဖလှယ်လိုသူ အသင်း အဖွဲ့လေးအား အစီအစဉ် တကျ IT လူငယ်များ၊ IT စီးပွားရေး လုပ်ငန်းရှင်များ နှင့် အင်တာနက် ကဖေး ဝန်ဆောင် လုပ်ငန်းရှင်များ ပူးပေါင်းကာ လွတ်လပ်သော အစုဝေး တခုအဖြစ် အကောင်အထည် ဖေါ်ရန် စတင် ဆိုင်းပြင်း နေပြီဟု သိရှိရသည်။

ထိုအဖွဲ့၏ ယခုတခေါက် Camping အစီစဉ် တွင်မူ Internet အသုံးပြုသူများ အတွက် “ ကောက်ရိုးပုံထဲက အတ် ” ဆိုသော ခေါင်းစဉ် ၊ CMS ဆိုသော လွယ်ကူသည့် အင်တာနက် အဆင့်မြင့် ဝဘ် တည်ဆောက်နိုင်သော Joomla Myanmar 1.1 ၊ How to Install Marmee Noodle 2.1 စသည်တို့ကို လွတ်လပ်စွာ အသိဖလှယ် ကြမည်ဟု သိရှိရသည်။

ထို့အပြင် အခြားသော အစီစဉ်များ အဖြစ် UnPlug Game များလည်း ပါ၀င်သည်ဟု Barcamp Myanmar ဦးဆောင်သူ တဦးမှ လူထုအသံ အွန်လိုင်း သတင်းဂျာနယ်သို့ ဖြေဆိုပြီး၊ စိတ်ပါ ၀င်စားသူများ ကို ပူးပေါင်းပါ၀င်ဖို့ ဖိတ်ခေါ်ပါသည်ဟု မြန်မာ နည်းပညာ အဝန်းအဝိုင်းလေး Barcamp Myanmar မှ ဖိတ်မန္တက ပြုထားသည် ကို သိရှိရသည်။

၎င်း အစီအစဉ်အား ၂၈ -၇ -၂၀၀၉ နေ့တွင် ရန်ကုန်မှ လူငယ်များ တွေ့ဆုံပြီး စတင်ခဲ့ကာ အသေးစိတ်ကို ၎င်းတို့၏ အင်တာနက် ဝဘ် စာမျက်နှာ www.barcampmyanmar.org တွင် မေးမြန်း စုံစမ်းနိုင်သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here