ဆိုမာလီးယား စစ်ဆင်ရေးအတွင်း အယ်ကိုင်းဒါး ခေါင်းဆောင်တဦး အသေဖမ်းဆီးရမိ

alt

ရဟတ်ယာဉ် များဖြင့် လိုက်လံစစ်ဆင် နေသော အမေရိကန် အထူးတပ်ဖွဲ့ များသည် ဆိုမာလီးယား နိုင်ငံအတွင်း ပုန်းအောင်းနေသည့် အာဖရိက အရှေ့ ပိုင်းတွင် အန္တရာယ် အကြီးမားဆုံး အယ်ကိုင်းဒါး အကြမ်းဖက် 

ခေါင်းဆောင်အား သုတ်သင် နိုင်ခဲ့ ကြောင်း အာဖရိကမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

ဆာလာ အလီ ဆာလာ နေဘာဟွန် သည် အသက် (၃၀)အရွယ် ရှိပြီးဖြစ်ပြီး ကင်ညာ နိုင်ငံဖွား အကြမ်းဖက် ခေါင်းဆောင်တဦး ဖြစ်သည်။ ၎င်းသည် (၂၀၀၂) ခုနှစ်က ကင်ညာရှိ အစ္စရေးပိုင် အပမ်းဖြေ ရိပ်သာတခုကို ဗုံးခွဲ ခဲ့သည်ဟု သံသယ ရှိနေကြပြီး ထိုဖြစ်စဉ်ကြောင့် လူ(၁၅)ဦး သေဆုံးခဲ့ရသည်။

ထို့အပြင် အစ္စရေး ခရီးသည်တင် လေယာဉ်တစင်း ကိုလည်း နေဘာဟွန် အနေနှင့် ပစ်ချခဲ့ကြောင်း အမေရိကန် တို့က ယုံကြည်ထားပြီး ထိုဖြစ်ရပ်တွင် လူ(၄)ဦး သေဆုံးခဲ့ရ ပြန်သည်။ အမေရိကန် တပ်များသည် ကားတစင်း အတွင်း လိုက်ပါလာသည့် နေဘာဟွန်အား ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ၎င်း၏အလောင်းကို သယ်ဆောင် လာခဲ့ကြောင်း ပန်တဂွန် စစ်ဌာနက ကြေညာသည်။

ပန်တဂွန်မှ တာဝန်ရှိသူ တဦးက ပင်လယ်ထဲရှိ အမေရိကန် စစ်သင်္ဘောများမှ ရေတပ်ရဟတ်ယာဉ် လေးစင်းထက် မနည်းသည် ယခု စစ်ဆင်ရေးကို ကြိုတင်စီစဉ်ပြီး လျှို့ဝှက်စွာ ဆင်နွှဲခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားသွားခြင်း ဖြစ်သည်။ ယခုတိုက်ပွဲ ဖြစ်ပွားရာ ဒေသသည် ဆာဘက် စစ်သွေးကြွများ ထိန်းချုပ်ထားရာ အရပ်ဖြစ်ပြီး ၎င်းတို့သည် မွတ်ဆလင် ဘာသာရေးဖြင့် အုပ်ချုပ်မှုကို အလိုရှိနေကြပြီး အမေရိကန်က ကျောထောက် နောက်ခံ ပြုထားသည့် ဆိုမာလီ အစိုးရအား ဖြုတ်ချရန် ကြိုးပမ်းနေကြသူများ ဖြစ်သည်ဟု သိရှိရသည်။

အမေရိကန်မှ တာဝန်ရှိသူများက နေဘာဟွန် သည် အဆိုပါ ဆာဘက် တပ်ဖွဲ့များနှင့် အဆက်အသွယ် ရှိသည်ဟု ယူဆရကြောင်း သတင်း ထုတ်ပြန် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here