ချန်ပီယံလိဂ် ပွဲဦးထွက်တွင် လူစားလဲ ခံရသဖြင့် ရွန်နီ ဒေါသအိုး ပေါက်ကွဲနေ

alt

ချန်ပီယံလိဂ် ပွဲဦးထွက် အုပ်စုပွဲစဉ် အဖြစ် တူရကီကလပ် ဘီဆစ်တက် အား အဝေးကွင်းတွင် အနိုင် ရရှိခဲ့သည့် ပွဲစဉ်အတွင်း လူစားလဲ ခံခဲ့ရသည့် အတွက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရူနီမှာ အကြီးအကျယ်

ဒေါသ ထွက်ကာ ပေါက်ကွဲနေခဲ့ ရကြောင်း သိရှိရသည်။

အသက် (၂၃)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ရူနီသည် စက်တင်ဘာလ (၁၅)ရက်နေ့ ညက (၁-၀) ဖြင့် အနိုင်ရခဲ့သော ပွဲတွင် လူစားလဲ ခံရပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ၎င်း၏ဖိနပ်ကို ကြမ်းပြင်ဆီ ပစ်ပေါက်ကာ အော်ဟစ် ဒေါသထွက် နေခဲ့ရသည်။

ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က ပြစ်တင် ပြောဆိုခြင်း မပြုခဲ့ဘဲ ရူနီသည် အချိန်တိုင်း ယူနိုက်တက် အတွက် ကိုယ်စားပြု ကစားချင်နေသူ ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ၎င်းအား လူစားလဲရန် ဆုံးဖြတ် ခဲ့ချိန်တွင် စိတ် မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့ရကြောင်း ဖါထေး၍ ကာကွယ် ပြောဆိုသွားသည်။

ရူနီ ကမူ အဆိုပါ လုပ်ရပ်အား တစုံတရာ ဖြေရှင်းခြင်း မရှိခဲ့ပေ။ ယူနိုက်တက်သည် တူရကီ ကလပ်အား သူတင်ကိုယ်တင် ကစားခဲ့ပြီးနောက် ပွဲချိန် (၇၇)မိနစ်တွင် ၀ါရင့်ကွင်းလယ်လူ ပေါလ်စခိုးက ခေါင်းတိုက် သွင်းယူခဲ့သည့် တလုံးတည်းသော ဂိုးကြောင့် အနိုင်ရှိခဲ့ရခြင်း ဖြစ်သည်။

ဖာဂူဆန်က ၎င်းသည် ရူနီအား တိုက်စစ် မြှားဦးတွင် တနာရီကျော်အောင် ကစား စေခဲ့ပြီးနောက် အနာတရ ဖြစ်မည်ကို စိုးရိမ်သဖြင့် လူစား လဲဲခဲ့ခြင်းဟု ဖြေရှင်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here