မြန်မာနိုင်ငံ၌ မျက်မမြင်ဦးရေ ပိုမို များပြားလာနေ

alt

အာရှ ဒေသတွင် မြန်မာနိုင်ငံသည် မျက်မမြင်ဦးရေ အများဆုံး နိုင်ငံတခု အဖြစ် တစထက်တစ အခြေအနေ ဆိုးလာနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း(၅၀)ကျော် နေထိုင်ပြီး မျက်စိအထူးကု (၂၀၀) မျှသာ ရှိနေခြင်း ကလည်း ယခု ပြဿနာ၏ တစိတ်တဒေသ သော အကြောင်းရင်း အဖြစ် ပတ်သက်နေသည်။ ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာနိုင်ငံ အတွင်း ကုသ၍ ရနိုင်သော အခြေအနေမှ မျက်မမြင် ဖြစ်သွားသူ အရေအတွက်သည် စိုးရိမ်စရာ ကောင်းလောက်အောင် များပြားလာကြောင်း အတည်ပြု ခဲ့ပြီဖြစ်သည်။

အထူးသဖြင့် ကျေးလက် ဒေသများတွင် မျက်စိဆရာဝန် ရှားပါးခြင်းကြောင့် အဆိုပါ ပြဿနာများ ဖြစ်ပွားလေ့ရှိပြီး ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အကြီးမားဆုံး ထိုးနှက်ချက်ကြီး အဖြစ် တည်ရှိ နေခဲ့သည်။ မြန်မာနိုင်ငံ အတွင်းမှ ထောက်ပံ့ရေး အဖွဲ့အစည်းများနှင့် လေ့လာသူ များက နိုင်ငံနေရာ အနှံ့အပြားတွင် မျက်စိအထူးကု စင်တာများ ရှားပါးကြောင်း ထုတ်ဖော် ပြောဆို ထောက်ပြ ထားခဲ့ကြသည်။

မျက်စိနှင့် အာရုံကြော အထူးကု အရေအတွက် မှာလည်း (၂၀၀) ၀န်းကျင်သာ ရှိပြီး အများစုမှာ ရန်ကုန်နှင့် မန္တလေးစသည့် မြို့ကြီး များတွင်သာ နေထိုင်ကြရာ ကျေးလက် ပြည်သူများအတွက် ဆေးမြီးတိုကို အားကိုးရင်း ရေတိမ်နစ်ရမှု ပမာဏ သိသိသာသာ များပြား လာရခြင်း အရင်းအမြစ်ဟု ဆိုသည်။

တောင်ပိုင်း ဩစတြေးလျတက္ကသိုလ် မျက်စိ ဆိုင်ရာဌာနမှ ပညာရှင်များသည် Vision Myanmar အမည်ရှိ စီမံကိန်း တခုကို ရေးဆွဲကာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ရှားပါးမှုကို အန္တရာယ် မရှိလှသော အခြေအနေမှ အဆိုးရွားဆုံး မျက်စိကွယ်မှု များဆီ ဦးတည်သွားစေကြောင်း ၀မ်းနည်းဖွယ်ရာ သုံးသပ် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယမန်နှစ် အထိ စစ်တမ်းများအရ အသက် (၄၀)ကျော်အရွယ် မြန်မာ့လူဦးရေ စုစုပေါင်း၏ (၈.၁) ရာခိုင်နှုန်း အထိ စံချိန်တင် ပမာဏ အနေနှင့် အမြင်အာရုံ ချို့တဲ့ခဲ့ရပြီး ကလေးများတွင်လည်း ဗီတာမင်(A) ခေါင်းပါးမှုကြောင့် မျက်မမြင်ဖြစ်မှု အခြေအနေ အလားအလာ ပိုများနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here