ကိုရီးယား စာပို့အေဂျင်စီ တံဆိပ်ခေါင်းပြိုင်ပွဲ မြန်မာ ပန်းချီပညာရှင်များ ပါဝင် ယှဉ်ပြိုင်မည်

alt

တောင်ကိုရီးယား အစိုးရ၏ ဦးဆောင် မှုဖြင့် ပြုလုပ်သည့် ကိုရီးယား စာပို့ အေဂျင်စီမှ ပြုလုပ်မည့် တံဆိပ်ခေါင်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပန်းချီ ပညာရှင်များ ပါ၀င် ယှဉ်ပြိုင်ကြမည်ဟု သိရှိရသည်။

ယခု ပြိုင်ပွဲတွင် လူငယ်ပြိုင်ပွဲ နှင့် အလွတ်တန်း ပြိုင်ပွဲအဖြစ် နှစ်မျိုး သတ်မှတ် ထားပြီး အလွတ်တန်း ပြိုင်ပွဲဝင် များသည် Visit Korea Year အမည်ရှိ ခေါင်းစဉ်ဖြင့် ရေးဆွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အသက် (၁၇)နှစ်အောက် ပန်းချီ ပညာရှင်များသည် အငယ်တန်း အဆင့်အတွက် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး Reuse and Recycle Precious Resources အမည်ရှိ ခေါင်းစဉ်ဖြင့် ရေးဆွဲရမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ပါ၀င် ယှဉ်ပြိုင်လိုသူ များသည် ၎င်းတို့၏ ပြိုင်ပွဲဝင် ဒီဇိုင်းများကို မြန်မာနိုင်ငံ စာတိုက်နှင့် ကြေးနန်းဌာနမှ တဆင့် ပေးပို့ ယှဉ်ပြိုင် သွားနိုင်မည်ဖြစ်ပြီး အကောင်းဆုံး လက်ရာ တခုစီကို ကိုရီးယား စာပို့ အေဂျင်စီက ရွေးချယ် ပေးသွားမည် ဖြစ်သည်။ ဆုများကို နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာတွင် ကြေညာ ပေးသွားမည် ဖြစ်သည်။

အဓိက ရွေးချယ် ချီးမြှင့်သည့် ဆုနှစ်ခုမှာမူ အကောင်းဆုံး လူငယ် လက်ရာဆုအတွက် ကိုရီးယားဝမ် (၂)သန်း နှင့် အကောင်းဆုံး အလွတ်တန်း ဆုအတွက် ကိုရီးယားဝမ် (၃)သန်းစီ သတ်မှတ် ပေးထားသည်။ (၂၀၀၈)ခုနှစ် အတွင်းက မြန်မာပညာရှင် (၃)ဦး တို့သည် အဆိုပါ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ပြီး ဆု(၃)မျိုး ရရှိ ခဲ့ကြဖူးသည်။

ယခု ပြိုင်ပွဲတွင် ဆုရရှိသော အကောင်းဆုံးလက်ရာ ဒီဇိုင်းများကို လာမည့်နှစ် တောင်ကိုရီးယား နိုင်ငံ၊ တံဆိပ်ခေါင်းများ အဖြစ် သုံးစွဲ သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here