သူမအား အဓ္ဓမ ကျင့်ခဲ့သူမှာ နာမည်ကျော်ကြားသူ တဦးဟု ကေတီပရိုက် ပြောကြား

alt

သူမအား အဓမ္မ ကျင့်ကြံခဲ့သူမှာ နာမည် ကျော်ကြားသော Celebrity တဦး ဖြစ်ကြောင်း ကေတီပရိုက်က ထုတ်ဖော် ပြောကြား လိုက်ပြန်သည်။

ဗြိတိန် မော်ဒယ် ကေတီသည် သူမ ငယ်စဉ်က အဓမ္မအကျင့် ခံရဖူးကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ပြီး ထိုကိစ္စ သည် အင်တာနက် အတင်းအဖျင်း ၀ဘ်ဆိုဒ်များ၏ သည်းခြေကြိုက် သတင်း အဖြစ် လွန်ခဲ့သော လများက လွန်စွာ ရေပန်းစား နေခဲ့သည်။

ကေတီနှင့် ကွာရှင်းခဲ့ပြီး ဖြစ်သည့် ခင်ပွန်းဟောင်း ပီတာအင်ဒရီ ကလည်း ကေတီအား ကျင့်ကြံခဲ့သူကို မိမိ သိရှိကြောင်း ပြောဆို ခဲ့ဖူးသည်။

ယခုအခါ ကေတီက ဗြိတိန်ထုတ် OK မဂ္ဂဇင်းနှင့် အင်တာဗျူးနေစဉ် သူမအား အဓမ္မ ကျင့်ခဲ့သူသည် လူသိထင်ရှား Celebrity တဦးဖြစ်ပြီး ထိုကိစ္စကို ပီတာလည်း သိကြောင်း၊ ဖြစ်ရပ်သည့် ကြာမြင့်လှပြီ ဖြစ်ပြီး ထိုစဉ်က ပီတာနှင့်ပင် မဆုံရ သေးကြောင်း၊ ထိုသို့ ပွင့်လင်းစွာပင် အရိပ်အမြွက် ပြောကြားလိုက်သည်။

သူမ၏ မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေ အချို့ကမူ ထို Celebrity မှာ မည်သူမှန်း သိရှိထားကြောင်း အချင်းချင်း ဖွင့်ဟ  ပြောဆိုနေကြ သလို  အသက် (၃၁)နှစ် အရွယ်ရှိ ကေတီသည် လက်ရှိတွဲနေသည့် ချစ်သူသစ် အဲလက်ရိဒ် ပါ၀င်ထားသော ဇာတ်ကားသစ် တခုသည် အဓမ္မမှု အတွက် အားပေးအားမြှောက် ပြုရာရောက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ် လာပြီးနောက် သူမ ကိုယ်တိုင် အဓမ္မ ကျင့်ကြံခံ ရဖူးကြောင်း မီဒီယာသို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး၊ ယခုတဖန် သူမအား ပြုကျင့်သူနှင့် ပတ်သက်ပြီး အရိပ်အမြွက် ထပ်မံ ပြောဆိုလာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here