Google Chrome ဗားရှင်း အသစ်ထွက်ရှိ

alt

Google က ၎င်း၏ Web Browser ဖြစ်သည့် Chrome အတွက် ပိုမိုတည်ငြိမ်သော Version 3 ကို အသစ်ထုတ်ဝေ လိုက်ပြီဖြစ်သည်။

ယခု Version အသစ်သည် JavaScript ကိုပါ အခြေပြု ထည့်သွင်း ပေးထားပြီး ရှာဖွေမှုများ ပြုလုပ်ရာတွင် ပိုမိုလျှင်မြန်စေမည် ဖြစ်သည်။ Google သည် Chrome အား စတင် လည်ပတ်ခဲ့သည်မှာ တနှစ်မျှ ရှိနေပြီ ဖြစ်သော်လည်း အားနည်းချက် အချို့ ရှိနေခြင်း နှင့်အတူ Browser လောကတွင် IE နှင့် Firefox တို့အား မကျော်လွှား နိုင်သေးပေ။

ယခု Version သည် JavaScript နှင့် အဆင်ပြေ ချောမွေ့စွာ အလုပ် လုပ်နိုင်သောကြောင့် Chrome 2 ထက် များစွာ လျှင်မြန်မည်ဟု သိရှိရသည်။ Google သည် Browser Version အသစ်အား အသုံးပြုသူများ အဆင်ပြေစေမည့် အခြားသော အဆင့်မြှင့် တင်မှုများလည်း ပြုလုပ်ပေးထားကြောင်း ကြေညာခဲ့သည်။

HTML 5 ကို ထောက်ပံ့ပေးနိုင်မည့် Browser အသစ်သည် ပိုမိုတည်ငြိမ်မှု ကောင်းမွန်လာပြီး အသစ်ပါရှိသည့် Video Tag ကြောင့် အင်တာနက် စာမျက်နှာများမှ ဗီဒီယိုများကို သီးသန့် Plugin မလိုဘဲ တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ Chrome 3 ကို လက်တလောတွင် Beta အဖြစ် ထုတ်ပေးထားမည် ဖြစ်ပြီး မကြာမီ အပြီးသတ် အဆင့်အဖြစ် ကြေညာသွားဖွယ် ရှိနေသည်။

Google ၏ Developer များသည် ယခုအခါ Chrome 4 ကိုပါ စတင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here