အမေရိကန် အိုးပင်း တင်းနစ်ပြိုင်ပွဲ အာဂျင်တီးနား နိုင်ငံသား ဗိုလ်စွဲ

alt

အမေရိကန် အိ်ုးပင်း တင်းနစ်ပွဲစဉ် များကို (၅)နှစ်ကြာမျှ လွှမ်းမိုးကြီးစိုး ခဲ့သော်လည်း ကမာ္ဘ့ နံပါတ်(၁) တင်းနစ်သမား ရော်ဂျာဖယ်ဒရာ မှာ ယခုနှစ် ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။

နာမည်ကျော် ဆွစ်ဇာလန် တင်းနစ် ချန်ပီယံအား ဗိုလ်လုပွဲတွင် ပဥ္စလက် ဆန်ဆန် အနိုင်ယူ သွားသည်မှာ အာဂျင်တီးနား နိုင်ငံသား ဂျူအန်မာတင် ဒယ်ပီထရို ဖြစ်ပြီး (၃-၆)၊ (၇-၆)၊ (၄-၆)၊ (၇-၆)၊ (၆-၂) ဖြင့် ဗိုလ်စွဲသွားခဲ့ပြီ ဖြစ်သည်။

လေးနာရီ ကြာမြင့်သော ပွဲအပြီးတွင် စိတ်အလွန် လှုပ်ရှားနေသော ဒယ်ပီထရို သည် ကွင်းအတွင်း ဒူးထောက်ကာ အောင်ပွဲခံခဲ့ပြီး ၎င်း၏ အမေရိကန် အိုးပင်း ဗိုလ်စွဲနိုင်ရေး အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီဟု ပရိသတ်အား စပိန်ဘာသာဖြင့် အော်ပြော နေခဲ့သည်။

ဆု လက်ခံယူစဉ် ဒယ်ပက်ထရိုက ၎င်း၏ ပြိုင်ဘက် ဖယ်ဒရာသည် အလွန် ထူးချွန်သော တင်းနစ်သမား အဖြစ် လေးစား ချီးကျူးပါကြောင်း ဂုဏ်ပြု ပြောဆိုသွားခဲ့သည်။ ဒယ်ပက်ထရိုသည် ယခုအောင်ပွဲကို ၎င်း၏ အသက် (၂၁)နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် သတ်မှတ်ကြောင်းလည်း ပြောကြားသွားသည်။

(၂၀၀၄) မှ (၂၀၀၈)ခုနှစ် အထိ (၅)နှစ် ဆက်တိုက် အမေရိကန် အိုးပင်း ချန်ပီယံဘွဲ့ကို ခံယူ ထားနိုင်ခဲ့သော်လည်း ယခုနှစ်တွင် အရေးနိမ့်ခဲ့သည့် ဖယ်ဒရာကလည်း ဒယ်ပီထရိုသည် အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက် တည်ငြိမ်စွာ ကစားသွားကြောင်း၊ ယခု အနိုင်သည် ၎င်းနှင့် ထိုက်တန်ပါကြောင်း၊ မိမိအနေနှင့် အရှုံးအတွက် စိတ်ပျက်မိသော်လည်း ပြိုင်ပွဲကြီး တခုလုံး အတိုင်းအတာဖြင့် ပြန်လည် သုံးသပ်ပါက ကျေနပ်မိကြောင်း ပြောဆိုသွားသည်။

နယူးယောက်တွင် ကျင်းပသည့် အမျိုးသား တဦးချင်း ပွဲစဉ်တွင် ဒယ်ပီထရို ဗိုလ်စွဲခဲ့သလို အမျိုးသမီး ပြိုင်ပွဲတွင် ဘယ်ဂျီယံသူ ကင် ကလိုက်စတာ က အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here