ပါကစ္စတန် တောင်ပိုင်း လူတိုးဝှေ့ သေဆုံးမှုဖြစ်ရပ် စုံစမ်း စစ်ဆေးနေ

alt

စက်တင်ဘာလ (၁၄)ရက် နေ့က ဖြစ်ပွားခဲ့သည့် လူပိ သေဆုံးမှုများ အတွက် စုံစမ်း စစ်ဆေးမှုများကို ပါကစ္စတန် အစိုးရက စတင်ပြုလုပ် နေပြီဟု သိရှိ ရသည်။

ရမန်ဒါ ဥပုသ်လ အတွက် ရည်စူးပြီး ဒေသခံ မွတ်ဆလင် အဖွဲ့အစည်း တခုက နိုင်ငံ၏ တောင်ပိုင်း ကရာချိ တွင် ဂျံုမှုန့်များ ဝေငှခဲ့ရာမှ အတင်း တိုးဝှေ့ကြသဖြင့် ကလေးနှင့် မိန်းမများ အပါအဝင် လူ(၁၄)ဦးထက် မနည်း သေဆုံး ခဲ့ရသည်။

ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များသည် ဂျံုဝေ သူများအား လူသေမှု အတွက် တာဝန်ရှိကြောင်း စွပ်စွဲကာ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။ ကရာချိ မြို့လယ်ရှိ ခေါ်ရီ ဥယျာဉ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ကြေကွဲဖွယ် ဖြစ်ရပ်အတွက် ဒေသခံ အစိုးရက ကွယ်လွန်သူ များ၏ မိသားစုတိုင်းအား ဒေါ်လာ(၁၂၅၀)စီ နစ်နာကြေး ပေးသွားမည်ဟု အတည်ပြုခဲ့သည်။

ကျဉ်းမြောင်းသော လမ်းများအတွင်း ဂျံုနှင့် ပြောင်းအိတ်များ၊ အခြားသော ပစ္စည်းများကို ပစ်ပေးပြီး ဝေငှရာမှ လူများ စုပြံုတိုးဝှေ့ရင်း သေကြေ ကုန်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ရှင်းပြခဲ့ကြသည်။ ဂျံုဝေရာတွင် အဓိက ဦးဆောင်ခဲ့သူ မိုဟာမက် အစ်ဖတီခါ မီမွန် အား စက်တင်ဘာ (၁၅)ရက်နေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ် ပေးထားသည်ဟု သိရှိရသည်။

ရမန်ဒါ ဥပုသ်လ အတွင်း မွတ်ဆလင် ဘာသာဝင်များသည် ဆင်းရဲသူများအား ယခုကဲ့သို့ စားနပ်ရိက္ခာများ ဝေငှသည့် အစဉ်အလာ ရှိနေခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here