ဟောလီးဝုဒ်မင်းသားကြီး ပက်ထရစ်ဆွေဇီ ကွယ်လွန်

alt

Ghost ဇါတ်ကားနှင့် Dirty Dancing ဇာတ်ကား များဖြင့် ဟောလီးဝုဒ် ပရိသတ် များ၏ ချစ်ခင် အားပေးမှုကို ခံယူခဲ့ရသည့် မင်းသားကြီး ပက်ထရစ် ဆွေဇီ သည် စက်တင်ဘာ (၁၄)ရက် နေ့က ကွယ်လွန်သွားပြီ ဖြစ်သည်။

ဆွေဇီ သည် အသက်(၅၇)နှစ် အရွယ်တွင် နှစ်နှင့်ချီ အချိန် ကြာမြင့်စွာ ခံစားခဲ့ရသည့် ပင်ကရိယ ကင်ဆာ ကြောင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

မင်းသားကြီး လူ့လောကကို စွန့်ခွာ သွားချိန်တွင် (၃၄)နှစ်ကြာ အတူ လက်တွဲခဲ့သည့် ဇနီးသည် လီဆာ အပါအဝင် မိသားစုများက အနီးတွင် ရှိနေကြသည်။

ဆွေဇီ၏ မိသားစုက ၎င်းသည် ငြင်သာ ငြိမ်သက်စွာပင် နောက်ဆုံး ထွက်သက်ကို စွန့်ထုတ် သွားကြောင်း သတင်းထောက် များထံ ပြောကြား ခဲ့သည်။

ဆွေဇီသည် (၂၀၀၈) ခုနှစ်၊ ဇန်နဝါရီလ ကတည်းက ပင်ကရိယ ကင်ဆာ နောက်ဆုံးအဆင့်ကို ခံစားနေရရှာကြောင်း ဆရာဝန်များက စစ်ဆေး တွေ့ရှိခဲ့သည်။ စိတ်ဓာတ်ကြံ့ခိုင်သော ဆွေဇီသည် ထိုနှစ်အတွင်း မှာပင် ဇနီး၏ အကူအညီဖြင့် ၎င်း၏ ဘဝမှတ်တမ်းကို ကိုယ်တိုင် ရေးသားပြုစ ခဲ့သည်။

ဆွေဇီသည် အင်တာဗျူး တခုအတွင်း ၎င်း၏ ရောဂါအတွက် စိတ်မချမ်းမြေ့ ဖြစ်ရသည့်တိုင် လူ့ဘဝတွင် (၅)နှစ်မျှ ဆက်နေလို သေးကြောင်း ပြောကြားခဲ့သော်လည်း ယခု အခါတွင် ရောဂါအား ဒူးထောက် အရှုံးပေးခဲ့ရ ရှာကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here