Microsoft Bing ၏ Feature အသစ် စတင် အကောင်အထည်ဖော်

alt

Microsoft ကော်ပိုရေးရှင်းသည် ၎င်းတို့၏ Search Engine ဖြစ်သည့် Bing တွင် Visual Search ကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သည်။

ယခု feature အသစ်အရ Bing အား အသုံးပြုသူ များသည် Searching ပြုလုပ်ရာတွင် စာလုံးများ ရိုက်နှိပ်ခြင်း အပြင် ဓာတ်ပုံများကို ထည့်သွင်းပြီးလည်း ဆောင်ရွက် ပြီးမြောက်တော့မည် ဖြစ်သည်။

Microsoft သည် Bing ၏ ဆောင်ရွက်မှု များအပေါ် အကြီးအကျယ် အာရုံစိုက်နေပြီး ၎င်း၏ မဟာပြိုင်ဘက်ကြီး Google အား အလဲထိုးရန် မျှော်လင့်နေသည်။ ယခု feature သည် ကမာ္ဘပေါ်တွင် အသုံးပြုနေသည့် Searching ကဏ္ဍကြီးများ အားလုံးအတွက် အပြောင်းအလဲကြီး အဖြစ် တည်ရှိ လာလိမ့်မည်ဟု Microsoft မှာ တာဝန်ရှိသူ ယူဆွတ်မာဒီ က ပြောကြားခဲ့သည်။

Feature အသစ်ကို အသုံးပြုခြင်းဖြင့် Graphic အပိုင်းကို ပိုမို ထိတွေ့လာကြမည် ဖြစ်ပြီး Searching ကဏ္ဍတွင်လည်း ပိုမို လွယ်ကူလာမည်ဟု ယူဆွတ် က ဆိုသည်။ Microsoft သည် ယခု feature ကို Beta အဆင့်ဖြင့် စမ်းသပ်ထားပြီး Google ၏ Search Engine လောကအား လွှမ်းမိုးမှုကို အကောင်းဆုံး တုန့်ပြန် ချေဖျက်နိုင်မည့် ခြေလှမ်းသစ် တခုအဖြစ် အကြွင်းမဲ့ ယုံကြည် မျှော်လင့်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here