ဂျော့ရှ်ဘု အား ဖိနပ်ဖြင့် ပစ်ပေါက်သူ ပြန်လည် လွတ်မြောက်လာ

alt

အမေရိကန် သမတဟောင်း ဂျော့ဘုရှ် အား ဖိနပ်ဖြင့် ချိန်ပြီး ပစ်ပေါက်ခဲ့သည့် အီရတ် သတင်းထောက်မှာ ယခုအခါ ထောင်မှ လွတ်မြောက် လာပြီ ဖြစ်သည်။

ဘဂ္ဂဒက် မြို့တွင် ဖမ်းဆီး ခံထားရသည့် မူတာဒါအယ်ဇိုင်ဒီ မှာ ယခုအခါ နိုင်ငံ၏ သူရဲကောင်း တဦးသဖွယ် ကြိုဆို ခံနေရသလို အာရပ်ကမာ္ဘ တခုလုံး တွင်လည်း အမေရိကန် သမတ တဦးကို ဖိနပ်နှင့်ပေါက်ပြီး သိက္ခာချ နိုင်ခဲ့သောကြောင့် ဒဏ္ဍာရီထဲမှ မင်းသားတပါးနှယ် သတ်မှတ် ခံထားရသည်။

ဇိုင်ဒီသည် နိုင်ငံတော် ဧည့်သည်အား စော်ကားမှုဖြင့် ထောင်ဒဏ်(၃)နှစ် ကျခံရသော်လည်း ပြစ်မှုမှတ်တမ်း မရှိခဲ့သောကြောင့် ထောင်ဒဏ်ကို (၁)နှစ် အထိ လျှော့ချ ပေးခဲ့သည်။

ဇိုင်ဒီသည် ထောင်ထဲတွင် ရှိနေစဉ် ညင်းပမ်း ရိုက်နှက်ခံရမှုကြောင့် လက်မောင်းနှင့် နံရိုးများ ကျိုးခဲ့ပြီး ကိုယ်တွင်း သွေးယိုစီးမှု ဝေဒနာကို ခံခဲ့ရကြောင်း ၎င်း၏အစ်ကို ဒါဂမ်အယ်ဇိုင်ဒီက စွပ်စွဲ ခဲ့သေးသော်လည်း အီရတ် စစ်ဘက်က ထိုကိစ္စအား ငြင်းဆိုခဲ့သည်။

ဇိုင်ဒီ၏ မိသားစုသည် ပြန်လွတ်လာသော သူရဲကောင်းကြီး အတွက် ဂုဏ်ပြု ပါတီတခု ကျင်းပပေးရန် စိတ်အား ထက်သန်နေကြပြီး ဇိုင်ဒီမှာ ထောင်ထဲတွင် ရှိနေစဉ် ကတည်းက အလုပ်အကိုင်ပေးရန် ကမ်းလှမ်းမှုများ၊ ငွေကြေးချီးမြှင့်လိုသူများ၊ သတို့သမီး ဆက်သ လိုသူများနှင့် အလွန် ရေပန်းစား နေခဲ့သည်။

ဇိုင်ဒီသည် အမေရိကန် သမတ ရာထူးမှ နှုတ်ထွက်ခါနီး အီရတ်သို့ လာရောက်ခဲ့သည့် ဘုရှ်အား ဖိနပ်နှင့် ပစ်ပေါက်ပြီးနောက် “ ဒါဟာခင်ဗျားအတွက် အီရတ် ပြည်သူတွေက ပေးလိုက်တဲ့ အနမ်းပဲ ခွေးကြီးရဲ့ ”ဟု ကြွေးကြော်ခဲ့သည့် အာဂ သတ္တိခဲလည်း ဖြစ်သလို မနှစ်သက်သူ များလည်း ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here