မြန်မာ ဝန်ကြီးချုပ်ဟောင်း တို့၏သမီးများ ၂၀၁၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြမည်

alt

မြန်မာပြည် လွတ်လပ်ရေး ရခါစ ကာလ ၀န်ကြီးချုပ်ဟောင်း ၂ ဦး ဖြစ်သော ဦးနု နှင့် ဦးဗဆွေ တို့၏ သမီး ၃ ဦးတို့က လာမည့်နှစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး ပါတီတခု ဖွဲ့စည်း ထူထောင်ကာ ဝင်ရောက် ယှဉ်ပြိုင်မည်

ဟု အင်္ဂါနေ့က ထိုပါတီ၏ စည်ရုံးရေးမှူး တဦးမှ သတင်းထုတ်ပြန် ပြောကြား လိုက်သည်။

စစ်အစိုးရက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ ထုတ်ပြန်သည်နှင့် တပြိုင်နက် ဒီမိုကရက် တစ်ပါတီ (Democratic Party) အား ထူထောင်ရန် စီစဉ်ထားပြီဟု ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် စစ်ပြန်ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ(အသက် ရ၇ နှစ်)က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ နောက်ဆုံး ဝန်ကြီးချုပ် ဦးနု၏ သမီး ဒေါ်သန်းသန်းနု ( အသက်-၆၂နှစ်) မှာ ထိုပါတီတွင် အထွေထွေ အတွင်းရေးမှူး နေရာ ရယူထားပြီး၊ သူမမှာ ၁၉၆၉ ခုနှစ် ကတည်းကပင် မိဘများနှင့်အတူ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး ၂၀၀၃ ခုနှစ်မှ အမိနိုင်ငံသို့ ပြန်လည်နေထိုင်သူ ဖြစ်ကြောင်း သိရှိရသည်။

ဒုတိယမြောက် ဝန်ကြီးချုပ် ဖြစ်သူ ဦးဗဆွေ၏ သမီးဖြစ်သော ဒေါ်နေရည်ဗဆွေ  နှင့် ယင်းခေတ်က ဒု-ဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ သမီး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း တို့လည်း အတွင်းရေးမှူးများ အဖွဲ့တွင် လှုပ်ရှားပါ၀င် ဆောင်ရွက်မည်ဟု ဦးသုဝေက ထပ်လောင်း ပြောကြားလိုက်သည်။

ဒေါ်သန်းသန်းနု၏ ဖခင်ဖြစ်သော ဝန်ကြီးချုပ် ဦးနုမှာ မြန်မာပြည်၏ ပထမဦးဆုံးသော ၀န်ကြီးချုပ် ဖြစ်ကာ၊ ၁၉၉၅ ခုနှစ်တွင် ကွယ်လွန်သည်။ ဒေါ်နေရည်ဗဆွေ ၏ ဖခင် ဦးဗဆွေသည် ၁၉၅၆ မှ ၅၇ ခုနှစ် အထိ ၀န်ကြီးချုပ် တာဝန်ယူခဲ့ကာ ၁၉၈၇ တွင် ကွယ်လွန်ခဲ့သည်။ ဦးသုဝေမှာ စစ်ပြန် နိုင်ငံရေးသမားကြီး ဖြစ်ကာ နိုင်ငံရေးပုဒ်မဖြင့် ထောင်၁၀ နှစ်ခန့် အကျဉ်းချ ခံခဲ့ရပြီး ၂၀၀၄ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာကာ ယခု ပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဟု သိရှိရသည်။

ဒေါ်သန်းသန်းနုက အေအက်(ဖ်)ပီ သတင်းဋ္ဌာနသို့ ပြောကြားရာတွင် “ ကျမတို့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ဆုံးဖြတ် ရတာဟာ တိုင်းပြည်ကို တဖက်တလမ်းက အလုပ်ကြွေးပြုဖို့ မျှော်လင့်လို့ပါပဲ ” ဟု ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here