အယ်ကိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင် အသံသွင်း တိပ်ခွေ ထွက်ပေါ်လာပြန်

alt

နောက်တကြိမ် ထွက်ပေါ်လာသည့် အသံသွင်း တိပ်ခွေအတွင်း အယ်ကိုင်း ဒါး အကြမ်းဖက် ခေါင်းဆောင် အိုစမာ ဘင်လာဒင်က အမေရိကန် တို့၏ အာဖဂန်နစ္စတန် အပေါ် ကျူးကျော် စစ်သည် မျှော်လင့်ချက် ကင်းမဲ့နေပြီ

ဖြစ်ကြောင်း လှောင်ပြောင် လိုက်သည်။

(၉/၁၁) အကြမ်းဖက် မှုကြီး၏ နောက်ကွယ် မှ ကြိုးကိုင် စီစဉ်ခဲ့သူ ဘင်လာဒင်က အမေရိကန် ပြည်သူများ အနေနှင့် သမတ ဘာရက်အိုဘားမား၏ အယ်ကိုင်းဒါး တို့အား နှိမ်နင်းနိုင်ရေး ကြိုးပမ်းမှုများမှာ အရာ မထင်တော့ သည်ကို သဘောပေါက် သင့်ကြောင်း၊ အမှန်ကို သိမြင်ပါက အာဖဂန် စစ်ပွဲကို အဆုံးသတ် ပေးရန် သပိတ်မှောက်ပြီး အမေရိကန် အစိုးရကို အားပေး အားမြှောက် ပြုလုပ်နေသည့် အစ္စရေးအား ဆန့်ကျင်ရန်လည်း တိုက်တွန်း ထားသည်။

ထို့အပြင် အမေရိကန်၏ အစ္စရေး – ပါလက်စတိုင်း ကိစ္စတွင် ကြားဝင် ဆောင်ရွက် နေသမျှသည် အပြောနှင့် အလုပ်မညီဘဲ အကြီးအကျယ် ဘက်လိုက်ထားကြောင်း ဘင်လာဒင်က စွပ်စွဲ ထားသေးသည်။

အမေရိကန် ပြည်သူများ အနေနှင့် အာဖဂန်စစ်ပွဲ၏ အားနည်းချက်များကို တွေ့မြင်သင့်ပြီ ဖြစ်ကြောင်း၊ အိုဘားမား၏ ကြိုးပမ်းမှုများ အရာထင်နိုင်မည် မဟုတ်ဘဲ မိမိတို့ တပ်ဖွဲ့များသည် အမေရိကန်ကို တိုက်ခိုက်ချေမှုန်းရန် မည်သည့် အခါမှ လက်လျှော့မည် မဟုတ်ဟု ဘင်လာဒင်က ကြွေးကြော်ထားသည်။

အမေရိကန်သည် ယခုနှစ် အစောပိုင်းက အိုဘားမား သမတ ဖြစ်လာပြီး နောက်ပိုင်း အီရတ်မှ စစ်တပ်များကို ရုတ်သိမ်းကာ အာဖဂန်သို့ ပိုမို အင်အားဖြည့်တင်း စေလွှတ် နေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here