ပျောက်ဆုံးနေသည့် ယေးလ် တက္ကသိုလ်ကျောင်းသူ အလောင်း ရှာဖွေတွေ့ရှိ

alt

ပျောက်ဆုံးနေသော အဲန်နာလီးဟု ယူဆရသည့် အမျိုးသမီး ရုပ်အလောင်း ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့ပြီ ဖြစ်သည်။

ယေးလ်တက္ကသိုလ် ပရဝဏ် အိုင်ဗီလိဂ် ကျောင်း အနီးတဝိုက်ရှိ လမ်းမများတွင် မည်ကဲ့သို့ ဘေးကင်းလုံခြံုစွာ နေထိုင် သင့်ကြောင်း အကြံပြု ဆောင်းပါးတခု ရေးသားဖူးသော အန်နာသည် ပြီးခဲ့ သည့် အင်္ဂါနေ့ အစောပိုင်း ကတည်းက ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

အသက် (၂၄)နှစ်ရှိ အန်နာသည် လက်ထပ်ခါနီး သတို့သမီးလောင်း တဦးဖြစ်ပြီး သူမသည် ယေးလ်တက္ကသိုလ် အဆောက်အအုံ အတွင်းပင် အသတ်ခံ ခဲ့ရခြင်းဟု ရဲများက တထစ်ချ ယူဆပြီးရှာဖွေ နေကြခြင်း ဖြစ်သည်။

အဲန်နာဟု ခန့်မှန်းထားသည့် အလောင်းအား ထိုတက္ကသိုလ် အတွင်း သုတေသန အခန်းတွင်ပင် စက်တင်ဘာ (၁၃)ရက်နေ့ ညပိုင်းက ပြန်လည် တွေ့ရှိခဲ့ကြပြီး ယခုအခါ ကျောင်းသားများနှင့် တက္ကသိုလ် ၀န်ထမ်းများအား ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျှက် ရှိသည်။ တာဝန်ရှိသူများ အနေနှင့် စုံစမ်းမှုများ စတင်နေပြီ ဖြစ်သည့်တိုင် သုတေသန အခန်း နံရံတခုကြားတွင် ၀ှက်ထားသော အလောင်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် များကိုမူ မသိရှိရ သေးပေ။

ရဲများက အလောင်းသည် ယေးလ်တက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာ ဌာနဝင်းအတွင်း တွင် တွေ့ရှိခဲ့ရပြီး လူသတ်မှုဟု သံသယ ရှိနေကြကြောင်း အတည်ပြုထားသည် မှန်ကန်တော့မည် ဖြစ်သည်ဟု ရဲအရာရှိ ဂျိုးအေဗရီမှ ဆိုသည်။ ယေးလ်တက္ကသိုလ် ဥက္ကဌ ရစ်ချက်လီဗင်က ထိုကိစ္စ အဖြစ်ဆိုးအတွက် အဲန်နာ၏ မိသားစုနှင့် ခင်ပွန်းလောင်း ဂျိုနသန် ၀စ်ဒေါစကီး တို့ထံ ၀မ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြသည်။

ဂျိုနသန်နှင့် အဲန်နာတို့သည် လာမည့် တနင်္ဂနွေတွင် လက်ထပ်ရန် ကြိုတင် စီစဉ်ထားပြီးမှ အဲန်နာမှာ ယခုလို အဖြစ်ဆိုးနှင့် ကြံုခဲ့ရရှာခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here