ကမာ္ဘ့ အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်

alt

ကမာ္ဘ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်း တင်ထားသည့် အမျိုးသမီး ကြီးမှာ စက်တင်ဘာ (၁၁)ရက် နေ့က ကွယ်လွန်သွားပြီ ဖြစ်သည်။

(၁၈၉၄) ခုနှစ်က ဖွားမြင်ပြီး အမေရိကန် သမတ ဘာရက် အိုဘားမားကို မဲပေးခဲ့သည့် အဖွားအို သည် ကွယ်လွန်ချိန်တွင် အသက် (၁၁၅)နှစ် ရှိနေပြီ ဖြစ်သည်။

ဂါထရုဘိုင်းနက် သည် ထိုနေ့နံနက် (၆)နာရီမှ (၇)နာရီ အတွင်း အိပ်ပျော် နေစဉ် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ကြောင်း သူမအား လက်ခံ ထိန်းသိမ်းပေးထားသည့် လော့စ်အိန်ဂျယ်လိစ်မြို့၊ အနောက်ပိုင်း နလံထ လူနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့မှ အီမာကာမာနက် ကဆိုသည်။

ဆေးရုံတွင် လွန်ခဲ့သော ဆယ်စုနှစ် တခုစာမျှ ရောက်ရှိ နေထိုင်သည့် ဘိုင်းနက်နှင့် ပတ်သက်ပြီး အလွန်ယဉ်ကျေးပြီး ဂုဏ်သိက္ခာရှိသော အမျိုးသမီးကြီးဖြစ်ကြောင်း အီမာက ချီးကျူးခဲ့သည်။ ဘိုင်းနက် ကွယ်လွန်မှုသည် ဆေးရုံ ၀န်ထမ်းတိုင်းကို စိတ်ထိခိုက် စေကြောင်း၊ (၁၀)နှစ်မျှ အတူတကွ ရှိနေခဲ့သဖြင့် ဘိုင်းနက်အား ဆွေမျိုး ရင်းချာကဲ့သို့ အားလုံး ထင်မှတ်နေမိကြောင်း အီမာက ဆိုသည်။

ဘိုင်းနက်သည် ယခုနှစ် ဇန်နဝါရီလ အတွင်းက ယခင်ကမာ္ဘ့ အသက်အကြီးဆုံး စံချိန်ရှင် ပေါ်တူဂီ အမျိုးသမီးကြီး မာရီယာဒီဂျီးဇက် ကွယ်လွန်ပြီးနောက် ကမာ္ဘပေါ်တွင် အသက်အရှည်ဆုံး အမျိုးသမီးကြီး အဖြစ် မှတ်တမ်း ၀င်လာခဲ့ခြင်း ဖြစ်သည်။ ဘိုင်းနက်သည် သမီးတဦး ရခဲ့သော်လည်း (၁၉၀၉)ခုနှစ် ကတည်းက အူရောင်ငန်းဖျား ရောဂါဖြင့် ကွယ်လွန်ခဲ့ရာ သူမတွင် ဆွေမျိုးရင်းချာ မကျန်တော့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here