ဂျနီဖာ အင်နစ်စတန် မင်းသမီး ဖြစ်နေခြင်းအား ဖခင်ဖြစ်သူ သဘောမကျ

alt

သူမ မင်းသမီး ဖြစ်နေခြင်းအား ဖခင်က လုံးဝ သဘောမကျကြောင်း ဂျနီဖာ အင်နစ်စတန်က ထုတ်ဖော် ပြောကြား လိုက်သည်။

သူမ ရုပ်ရှင်ဝါသနာ ပါနေခြင်းကို ဖခင်ဖြစ်သူက ငယ်ငယ် ကလည်း မကြိုက်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဟောလီးဝုဒ်၏ အကျော်ကြားဆုံး ကြယ်ပွင့်အဖြစ် ရပ်တည် နေချိန်တွင် လည်း ထိုသဘောမှာ ပြောင်းလဲမှု မရှိကြောင်း ဂျနီဖာ က ဆိုသည်။

People မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဂျနီဖာက သူမ မင်းသမီး ဖြစ်နေခြင်းအား ယခုတိုင် ဖခင်က သဘောတူညီမှု မပေးသေးဘဲ ထို ကိစ္စအတွက် အမြဲ ဝေဖန်လျှက် ရှိကြောင်း ၀န်ခံပြောဆို သွားခဲ့သည်။

အသက်(၄၀) ရှိပြီဖြစ်သည့် The Bounty မင်းသမီးသည် The Goree Girls အမည်ရှိ ရုပ်ရှင်သစ်ကို ရိုက်ကူးရန်လည်း လက်ခံထားပြီး ဖြစ်သည်။ ဂျနီဖာက သူမ၏ဖခင်မှာ ဟောလီးဝုဒ် လောကအပေါ် အမြင်မကြည်သူ တဦး ဖြစ်နေကြောင်း၊ ရုပ်ရှင် မင်းသမီးဘဝမှာ သမီးအတွက် မှန်ကန်သော ရွေးချယ်မှု မဟုတ်ဟု အမြဲ မှတ်ယူထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဂျနီဖာသည် The Bounty ကို ရိုက်ကူးပြီးနောက် ယခု နှစ်ကုန်အထိ ဇာတ်ကားများ ရိုက်ကူးခြင်းမှ ခေတ္တ အနားယူထားသလို ဂီတလောက ဘက်သို့ ကူးပြောင်း ခြေချရန်လည်း ကြံစည်လျှက် ရှိကြောင်း People သို့ ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here