အမေရိကန် ဟက်ကာအား အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်

alt

အမေရိကန် Hacker တဦးအား ကိုယ်ရေး အချက်အလက် များနှင့် ခရက်ဒစ်ကဒ် အချက်အလက် သန်း ပေါင်းများစွာ ခိုးယူမှုအတွက် အပြစ် ရှိကြောင်း တရားရုံးက ဆုံးဖြတ် လိုက်သည်။

စက်တင်ဘာ လက (၁၁)ရက် နေ့က ဆိုင်ဘာ ခိုးယူမှု အပါအဝင် အခြား စွဲချက်များဖြင့် တရားစွဲ ခံထားရသည့် အသက် (၂၈)နှစ်ရှိ အဲဘတ် ဂွန်ဇာလက် တွင် အမှန်တကယ် အပြစ်ရှိကြောင်း ဘော်စတွန် ပြည်ထောင်စု တရားရုံးက သတ်မှတ် လိုက်ပြီးနောက် စီရင်ချက်ကို ဒီဇင်ဘာ (၈)ရက် နေ့တွင် ချမှတ် သွားဖွယ် ရှိကြောင်း သိရှိရသည်။

ဂွန်ဇာလက် သည် အများဆုံး ထောင်ဒဏ် နှစ်(၂၀) အထိ ချမှတ် ခံရနိုင်ကြောင်း သတင်းများက ဖော်ပြနေပြီး ၎င်း၏ဆိုင်ဘာ ဖောက်ထွင်းမှုသည် အမေရိကန် သမိုင်းတွင် တန်ဖိုးအကြီးဆုံး ဖြစ်လာကြောင်းလည်း တာဝန် ရှိသူများက ပြောကြား ခဲ့ကြသည်။

ဂွန်ဇာလက်သည် Credit Card အရေအတွက် သန်း(၄၀)ကျော် မှ အချက်အလက် များကို ရယူခဲ့ပြီး အလွဲ သုံးစားမှုများ ပြုလုပ်ခဲ့သည်။ ဂွန်ဇာလက် သည် ရုရှားမှ အမည်မသိ ၎င်း၏ အပေါင်းအဖော် Hacker နှစ်ဦးနှင့်အတူ အမေရိကန် Credit Card ငွေပေးချေရေး လုံခြံုမှု စံနစ်အား နည်းလမ်းမျိုးစုံ သုံး၍ ဖောက်ထွင်း ၀င်ရောက်ပြီး ရရှိသောငွေများနှင့် မိုင်ယာမီတွင် ကွန်ဒိုမီနီယံ တိုက်တလုံး၊ (၂၀၀၆)မော်ဒယ် BMW 330i မော်တော်ကား တစင်း၊ သန်ချီတန်သော စိန်လက်စွပ် တကွင်း နှင့် ရိုးလက်(စ်) နာရီများ ၀ယ်ယူထားသည့် အပြင် ငွေသားဒေါ်လာ(၂.၇)သန်း ကိုလည်း စုဆောင်းထားကြောင်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here