ဘာစီလိုနာ နှင့် တွေ့ဆုံချင်သေးဟု မန်ယူနည်းပြ ပြောကြား

alt

အခွင့်အရေး ရမည်ဆိုပါက ဘာစီလိုနာ နှင့် နောက်တကြိမ် တွေ့ဆုံလိုသေး ကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန်က ပြောကြားခဲ့သည်။

ယမန်နှစ် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ယူနိုက်တက် အနေနှင့် ဘာစီလိုနာ အား အရေးနိမ့်ခဲ့သည့် အတွက် ပက်ဂွာဒီယိုလာ နည်းပြ နေသော စပိန် ချန်ပီယံအား ရှုံးကြွေး ဆပ်ရန် ဆန္ဒပြင်းပြ နေကြောင်း စကော့လူမျိုး နည်းပြကြီးက ဆိုသည်။

၎င်းက ဘာစီလိုနာ အား အရေးနိမ့်ပြီး ဥရောပ ချန်ပီယံဘွဲ့ကို လက်လွှတ် ခဲ့ရသည့်အတွက် သိမ်ငယ်စိတ် မရှိ ပါကြောင်း၊ သို့သော်လည်း မိမိ၏ အသင်းသည် ဘာစီလိုနာ နှင့် နောက်တကြိမ် တွေ့ဆုံပါက အနိုင် ယူရန် အသင့်ဖြစ်နေသည် ဟု ခံစားမိကြောင်း ပြောဆိုသွားခဲ့သည်။

ဖာဂူဆန်သည် ဘာစီလိုနာအား (၂-၀) ဖြင့် အရေးနိမ့်ခဲ့သည့် ပွဲအပြီး ပွဲမှတ်တမ်း DVD ကို ပြန်ကြည့်ကာ မိမိအသင်း၏ လိုအပ်ချက်များကို လေ့လာ သုံးသပ်ပြီးနောက် ဘာစီလိုနာအား အနိုင်ယူရန် ယုံကြည်ချက် ပြည့်ဝနေပြီ ဖြစ်ကြောင်း ကြံုးဝါးလျှက် ရှိသည်။

ဘာစီလိုနာ ကဲ့သို့ ဥရောပထိပ်သီး အသင်းကြီးများနှင့် တွေ့ဆုံရတိုင်း ခက်ခဲ မည်သာဖြစ်ကြောင်း၊ သို့သော်လည်း ယူနိုက်တက် ကိုယ်တိုင်မှာ အသင်းကြီး တသင်း ဖြစ်နေပြီး ဘာစီလိုနာ အပါအဝင် မည်သည့် အသင်းကိုမဆို အသာစီး ယူနိုင်သည့် အရည်အသွေး ရှိကြောင်း ဖာဂူဆန်က ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here