GM လက်အောက်ခံ Opel မော်တော်ယာဉ် လုပ်ငန်းအား ရောင်းချရန် သဘောတူ

alt

အမေရိကန် မော်တော်ယာဉ် ထုတ်လုပ် ရေး လုပ်ငန်းစုကြီး GM (ခေါ်) ဂျနရယ်မော်တာ ကား ကုမ္မဏီကြီး သည် ၎င်း၏ဥရောပ လက်အောက်ခံ ဌာနခွဲ တခုဖြစ်သည့် Opel မော်တော် ယာဉ်လုပ်ငန်း၏ (၅၅) ရာခိုင်နှုန်းကို

ကနေဒါ – ဩစတြီးယား ဖက်စပ်ကား ကုမ္မဏီ Magna သို့ ရောင်းချရန် သဘောတူညီ လိုက်ပြီဖြစ်သည်။

GM သည် Opel ၏ ဥရောပ အခြေစိုက် ကားစက်ရုံ အလုပ်သမား (၅၀၀၀၀) ကျော်တို့၏ အခြေအနေ ယိမ်းယိုင်လာမှုကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်း ဖြစ်သည်။

အလုပ်သမားများ  (၅၀၀၀၀)ကျော် အနက် ထက်ဝက်ခန့်မှာ ဂျာမနီမှ ဖြစ်ကြသည်။ GM သည် ဒက်ထရွိုက်မြို့တွင် နှစ်ရက်ကြာ ဘုတ်အဖွဲ့ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် Opel ၏ တစိတ်တဒေသကို ရောင်းချရန် အတည်ပြု ကြေညာလိုက်သည်။

ဂျာမနီ အဓိပတိ အန်ဂျီလာ မာကယ် ကမူ GM ၏ ဆုံးဖြတ်ချက် အတွက် ဂျာမနီ အစိုးရအနေနှင့် အကောင်းဘက်မှ မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ သဘောတူညီမှု အရ Magna သည် Opel ၏ ရှယ်ယာ (၅၅)ရာခိုင်နှုန်းကို ပိုင်ဆိုင်လာမည်ဖြစ်ပြီး GM က (၃၅) ရာခိုင်နှုန်းကို ထိန်းချုပ်ထားမည် ဖြစ်သည်။

ကျန် (၁၀)ရာခိုင်နှုန်း ကိုမူ Opel ၏ မူလ Workshop က ပိုင်ဆိုင်ထားသည်။ ဂျာမန် အစိုးရသည် Magna ၏ ဒေါ်လာ (၆.၅)ဘီလျံတန် ရင်းနှီးမြှုပ်နှံမှုကို အားပေး ထောက်ခံခဲ့ပြီး Magna ကြောင့် ဥရောပ အလုပ်သမား (၅၀၀၀၀)ကျော်၏ အလုပ်အကိုင် ကဏ္ဍအတွက် အနာဂတ် အာမခံချက်ကို ရရှိစေခဲ့ကြောင်း ချီးကျူး ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here