အိန္ဒိယ အစိုးရပိုင်ကျောင်း မီး အထိတ်တလန့် ဖြစ်မှု ကလေးငယ်များ သေဆုံး

alt

အိနိ္ဒယနိုင်ငံ၊ နယူးဒေလီ မြို့တွင် ကျောင်းသားများ အထိတ် တလန့် ထွက်ပြေး မှုကြောင့် ကလေး(၅)ဦး လူပိ သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဒေလီမြို့ရှိ အစိုးရပိုင် ကျောင်းတခုတွင် လျှပ်စစ်စနစ် ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ရာမှ ကလေးများ ထိတ်လန့်တကြား ထွက် ပြေးကြရာ ကျဉ်းကြပ်လှသော ကျောင်း လှေခါး အဆင်းတွင် လူပိမိပြီး သေဆုံး ခဲ့ကြခြင်း ဖြစ်သည်။

စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းက စာမေးပွဲ ကျင်းပ နေချိန်တွင် ဖြစ်ပွားခဲ့သော ရုတ်ရုတ်သည်းသည်း ဖြစ်ရပ်ကို ကျောင်းပြင်တွင် ကလေးများ စာမေးပွဲဖြေပြီး ပြန်အထွက်ကို စောင့်နေကြသည့် မိဘ များကလည်း မျက်ဝါးထင်ထင်ထို ဖြစ်ရပ်ဆိုးကို တွေ့မြင် ခဲ့ရသည်။

ဂုရုတက်ဂျ်ဗဟာဒူး ဆေးရုံမှ တာဝန်ရှိသူ တဦးက ထိုဖြစ်ရပ်များကြောင့် နောက်ထပ် လူ(၂၅)ဦး ဒဏ်ရာများ ရရှိကြောင်း အတည်ပြုခဲ့ပြီး၊ သေဆုံးသူ ကလေးများသည် မိန်းကလေး များချည်းဖြစ်ပြီး အသက်(၈)နှစ် မှ (၁၆)နှစ် အတွင်းသာ ရှိသေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခဲ့သည်။

အိန္ဒိယ အစိုးရကမူ လူသေဆုံးမှု ဖြစ်ပွားစေခဲ့ရာ ၀ရုန်းသုန်းကား ဖြစ်မှုအတွက် အသေးစိတ် စုံစမ်းမှုများ ပြုလုပ်ရန် ချက်ချင်း အမိန့်ထုတ် စုံစမ်းစေခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here