ဆီရာလီယွန်း စက်လှေနစ်မြုပ်မှု ကျောင်းသားအများစု ပျောက်ဆုံးနေ

alt

ဆီရာလီယွန်း နိုင်ငံမှ စက်လှေတစင်း နစ်မြုပ်ပြီးနောက် ကျောင်းသား အများစု ပါ၀င်သော လူ(၂၀၀)ကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။

စက်တင်ဘာလ (၉)ရက်  နေ့က ဖြစ်ပွားခဲ့သည့် မတော်တဆ မှုအတွင်း အတော်များများမှာ သေဆုံးကုန်ပြီဟု ယူဆရသော အနေအထားတွင် ရှိနေကြောင်း အာဏာပိုင်များက ဆိုသည်။

အားလပ်ရက် အပမ်းဖြေခရီးမှ ပြန်လာသော ကျောင်းသူ ကျောင်းသားများ လိုက်ပါလာသည့် သစ်သား စက်လှေသည် ပင်လယ်အတွင်း တိမ်းမှှောက် နစ်မြုပ်ခဲ့ပြီး (၂၁၃)ဦး ပျောက်ဆုံး နေဆဲဖြစ်သည်။ နိုင်ငံ၏ ရေတပ်ဦးစီးမှူး မာအိုဆူမားက စက်တင်ဘာ (၁၃)ရက် နေ့ထိ ရှာဖွေရေး လုပ်ငန်းများကို ပြုလုပ်ရန် ညွှန်ကြား ထားသော်လည်း ပျောက်ဆုံး နေသူများအတွက် မျှော်လင့်ချက် နည်းပါးနေပြီဟု ၀န်ခံခဲ့သည်။

ယခု အချိန်အထိ အလောင်း (၁၆)လောင်းကို ဆယ်ယူ ရရှိထားနိုင်ပြီး (၃၉)ဦးကို ကမ်းခြေနှင့် အတော်ဝေးသည့် နေရာတွင် တွေ့ရှိ ကယ်တင်နိုင်ခဲ့သည်။ သို့သော်လည်း ကျန်သူများအတွက် အသက်ရှင်ရေးမှာ မျှော်လင့်ချက် အလွန်နည်းနေပြီဟု ဆူမားက ဆိုသည်။

ရှမ်ဂီ မှ တွမ်ဘိုသို့ ဦးတည် ခုတ်မောင်းစဉ် ရာသီဥတု အလွန်ဆိုးရွားပြီး လှိုင်းလေ ပြင်းထန်နေသဖြင့် ယခုလို ဖြစ်ရပ်ဆိုးနှင့် တိုးသွားခြင်းဟု တာဝန်ရှိသူ များက ယူဆ ထားသော်လည်း စက်လှေမှောက်ခြင်း အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here