ကမာ္ဘ့စီးပွား ပျက်ကပ်ကြောင့် ဗီဒီယိုဂိမ်း ကုမ္မဏီများ ထိခိုက်

alt

ကမာ္ဘ့စီးပွား ပျက်ကပ်၏ ရိုက်ခတ်မှု ဒဏ်ကို ဗီဒီယိုဂိမ်း ကုမ္ပဏီများလည်း ခံခဲ့ရကြောင်း သိရှိရသည်။

ဩဂုတ် လကုန်ထိ ကောက်ခံထားသော စာရင်းများ အရ ယမန်နှစ် ထိုအချိန် အထိ ရောင်းချခဲ့သော ပမာဏနှင့် ယှဉ်လိုက်လျှင် အမေရိကန် နိုင်ငံ၏ ကွန်ပျူတာဂိမ်း ၀ယ်လိုအားသည် (၁၆) ရာခိုင်နှုန်း ထိုးဆင်း သွားကြောင်း သိရသည်။

ဈေးကွက် လေ့လာရေး ကုမ္မဏီကြီး NPD က ဂိမ်းအမျိုး အစားသစ် ၀ယ်ယူမှုများ ကျဆင်း နေသော်လည်း ဂိမ်းစက် အသစ်များ ၀ယ်ယူခြင်း မှာမူ (၁၄)ရာခိုင်နှုန်း အထိ တနှစ်အတွင်း ပြန်တက်လာကြောင်း အတည်ပြုခဲ့သည်။

ထိုသို့ ဖြစ်ရခြင်းမှာ ဂိမ်းစက် ကုမ္မဏီကြီးများ ဈေးကွက်အတွင်း ဈေးနှုန်း အပြိုင်အဆိုင် လျှော့ကာ ရောင်းချ နေခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရှိရသည်။ EA ကဲ့သို့ ဂိမ်း Software ကုမ္မဏီကြီး များသည် ၎င်းတို့၏ ဂိမ်း Software များ အရောင်း ကျဆင်းနေမှုအား ၀န်ခံလိုက်ပြီး ဘောလုံးဂိမ်း တခုဖြစ်သော NFL 10 သည်လည်း မူလ မျှော်လင့်ထားသည့် ရောင်းချရမှု ပမာဏနှင့် အကြီးအကျယ် ကွာခြင်းနေကြောင်း သိရှိရသည်။

ဂိမ်းကစားသူ များသည် ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ဂိမ်း Software အသစ်များကို မဝယ်ယူတော့ဘဲ အင်တာနက်မှ အခမဲ့ရသော ဂိမ်းများနှင့် ဈေးနှုန်း နည်းပါးသည့် Expansion  များကိုသာ အဝယ်များနေကြောင်း NPD ၏ စစ်တမ်းက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here