အီရန် အစိုးရ၏ အနုမြူဆိုင်ရာ ဆွေးနွေးခွင့် အမေရိကန် ပယ်ချ

alt

အမေရိကန် နိုင်ငံက အီရန် အစိုးရ၏ အနုမြူဆိုင်ရာ ညှိနှိုင်း ဆွေးနွေးခွင့် အတွက် တောင်းဆိုမှုကို ပယ်ချ လိုက်ကြောင်း သိရှိရသည်။

အမေရိကန် အစိုးရ အဖွဲ့မှ ဖိလစ်ခရောလီက အီရန်၏ အနုမြူ စီမံကိန်း အတွက် အမေရိကန်က မည်သို့မျှ ညှိနှိုင်းရန် ဆန္ဒမရှိဟု ခရောလီက အတိအလင်း ကြေညာ လိုက်သည်။

အမေရိကန်သည် အီရန်၏ ယူရေနီယမ် စုဆောင်းရေး စီမံကိန်းအား ဆိုင်းငံ့ ရပ်နားပစ်ရန် အပြင်းအထန် တောင်းဆိုလျှက် ရှိပြီး အီရန်က အနုမြူကို စွမ်းအင် ကဏ္ဍအတွက် ငြိမ်းချမ်းစွာ အသုံးပြုမည်ဟု ကြေညာ ထားသည့်တိုင် လက်နက်များ ထုတ်လုပ်ရန် ရည်ရွယ်နေသည်ဟုသာ အပြင်းအထန် စွပ်စွဲလျှက် ရှိသည်။

အီရန်၏ အနုမြူ ရည်မှန်းချက်သည် လက်နက် ထုတ်လုပ်ရေး အတွက်သာဖြစ်ပြီး ကျန်ပြောဆိုမှု အားလုံးသည် ဟန်ဆောင် ဖုံးကွယ်ထားသည့် အကြောင်းပြချက် မျှသာဖြစ်ကြောင်း ခရာလီက ပြောကြားခဲ့သည်။ မကြာသေးမီက အီရန် သမတ မိုဟာမက် အာမက်ဒီနီဂျက် နှင့် ရင်းနှီးသူ တဦးဖြစ်သည့် မော့ဂျတာဘာ ဆမာရာ က အီရန် အနေနှင့် မည်သို့သော ဖိအားမျိုး ကြံုနေစေကာမူ အနုမြူ စီမံကိန်းကို လက်လျှော့မည် မဟုတ်သော်လည်း နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက် လိုသော ဆန္ဒမျိုး ရှိနေပါသည်ဟု ပြောဆိုခဲ့သည်။

ထို့နောက်တွင် အီရန် အစိုးရက အနုမြူဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုများ ကမာ္ဘ့နိုင်ငံ အသီးသီးနှင့် ပြုလုပ် သွားလိုကြောင်း လေသံ ပစ်လာခဲ့ပြီး အမေရိကန်က လက်မခံနိုင်ကြောင်း ပြတ်သားစွာ တုန့်ပြန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here