ချစ်ကံခေသူ စွန့်ပစ်ခံနှစ်ဦး စုံတွဲခုတ်နေ

alt

အချစ်ရေးတွင် အဆင်မပြေမှု များနှင့် တွေ့ကြံု ခဲ့ရပြီးနောက် ဂျက်ဆီကာ ဆင်ဆမ် နှင့် ဂျွန်မေယာတို့ ချစ်သူနှစ်ဦးမှာ စုံတွဲ ပြန်ခုတ်နေပြီဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

ဆင်ဆမ်သည် အမေရိကန် ဘောလုံးသမား တိုနီရိုမို နှင့် ချစ်သူများ ဖြစ်ခဲ့ကြ သော်လည်း သူမ၏ အသက် (၂၉)နှစ်ပြည့် မွေးနေ့ ကျင်းပခါနီးတွင် ရိုမို၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသဖြင့် ဖြေမဆည်နိုင် အသည်းကွဲ နေရသည်။

ထို့အတူ ဂစ်တာသမား မေယာ သည်လည်း နာမည်ကျော် မင်းသမီး ဂျင်နီဖာ အင်နစ်စတန် နှင့် လက်တွဲခဲ့ပြီး လက်ထပ်ရန် အထိ ရည်စူး ခဲ့သော်လည်း ဂျင်နီဖာ၏ တောင်းဆိုမှုကြောင့် လမ်းခွဲ ခဲ့ရသည်။

Pop ဂီတ အဆိုတော် ဆင်ဆမ် သည် ရိုမို နှင့် လမ်းခွဲပြီးနောက် ချစ်သူဟောင်း မေယာ နှင့် Text Message ဖြင့် ပြန်လည် ဆက်သွယ်ရာမှ အချစ်ရှုံးသမား ဘဝတူနှစ်ဦး ပြန်လည် အခြေအနေ ကောင်းလာကြောင်း သတင်းများက ဆိုသည်။

မေယာ နှင့် ဆင်ဆမ် တို့သည် တနှစ်ကြာ တွဲခဲ့ပြီးနောက် (၂၀၀၇) ခုနှစ်တွင် မေယာက စတင် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးနှင့် နီးစပ်သူများက ဆင်ဆမ်နှင့် မေယာတို့၏ ဆက်ဆံရေး ပြန်လည် ကောင်းမွန်နေကြောင်း၊ ဆင်ဆမ်သည် မေယာနှင့် တနေ့နေ့ ပြန်ဆုံရမည်ဟု အမြဲ ယုံကြည်နေခဲ့ကြောင်း Touch မဂ္ဂဇင်းသို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here