A/H1N1 တိုက်ဖျက်ရေး ဆေးဝါးတမျိုး စမ်းသပ် ထုတ်လုပ်နိုင်ပြီ

alt

ကမာ္ဘ့ ကပ်ရောဂါကြီး အဆင့်သို့ ရောက်ရှိ လာသည့် A/H1N1 တုပ်ကွေးအား တိုက်ဖျက်နိုင်ရန် ကြိုးပမ်းနေသည့် ပညာရှင်များ အတွက် အောင်မြင်မှု သတင်းကောင်း တခု ထွက်ပေါ် လာခဲ့သည်။

စက်တင်ဘာလ (၁၀)ရက် နေ့က ဩစတြေးလျ နှင့် အမေရိကန် သိပ္ပံပညာရှင် များသည် လူကြီးပိုင်း အသက်အရွယ်များ အတွက် A/H1N1 တုပ်ကွေး ကူးစက်မှုမှာ ကာကွယ် နိုင်လောက်အောင် အာနိသင် ပြည့်ဝသည့် ဆေးတမျိုးကို စမ်းသပ် ထုတ်လုပ်နိုင်ပြီဟု အတည်ပြုခဲ့သည်။

ဩစတြေးလျ ဆေးဝါးလုပ်ငန်း CSL မှ ထုတ်လုပ်သော တုပ်ကွေး ကာကွယ်ဆေးသည် ထိုးနှံထားသူ အတွက် တကြိမ် ဆေးထိုးပြီးနောက် တုပ်ကွေး၏ သက်ရောက်မှုကို (၇၅) ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်း အထိ တားဆီး ပေးနိုင်သည်။

ယခု လောလောဆယ်တွင် ဆေးတကြိမ် ထိုးပြီးပါက A/H1N1 တုပ်ကွေးအား (၁၀)ရက် အကြာ ကာကွယ်ပေးနိုင်ပြီး ထိုဆေးကို အဆင့်မြှင့် မွမ်းမံမှုများ ပြုလုပ်ပြီးချိန် တွင်မူ ဆေးနှစ်ကြိမ် ထိုးထားရုံနှင့် A/H1N1 တုပ်ကွေးကို အပြီးတိုင် ကာကွယ်နိုင်သည် အထိ စွမ်းဆောင်နိုင် မည်ဟု ဆရာဝန်များက ယုံကြည် မျှော်လင့်နေသည်။

အမေရိကန် ဆေးဝါးဋ္ဌာနက ယခု သတင်းသည် မှန်ကန်ကြောင်း အတည်ပြုပြီး အမျိုးသား ကျန်းမာရေးဌာနမှ ဒေါက်တာအန်သိုနီ ဖောက်စီက အလွန်ကောင်းမွန်သော ဖော်ပြချက်တခုကို ကြေညာနိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း ပြောကြားသွားသည်။ ယခုဆေးကို သီးသန့် အမည်ပေးခြင်း မရှိသေးဘဲ စမ်းသပ်မှု ရလဒ်များအရ အရွယ်ရောက်ပြီး သူများအတွက် ထက်မြက်သည့် အာနိသင် ရှိကြောင်း၊ ကလေးများ အတွက်မူ သင့်တော်ခြင်း ရှိမရှိ စမ်းသပ်မှုများ ဆက်လက် ပြုလုပ်ရဦးမည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here