လော်ကာဘီ တရားခံ ပြန်လွှတ် ပေးခြင်းအား အမေရိကန် အစိုးရ မကျေနပ်

alt

အမေရိကန် ပြည်ထောင်စု အနေနှင့် လော်ကာဘီ လေယာဉ် ဗုံးခွဲမှု တရားခံအား လွှတ်ပေး လိုက်ခြင်း အတွက် လုံးဝ မကျေနပ်၊ မပျော်ရွှင် နိုင်ကြောင်း အမေရိကန် သမတ ဘာရက် အိုဘားမားက ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း အား ပြောကြား လိုက်သည်။

၁၉၈၈ ခုနှစ်က စကော့တလန် ကောင်းကင်ယံတွင် ပျံသန်းနေသော ခရီးသည်တင် လေယာဉ်ကြီးအား အက်ဘဒယ်ဘာဆက် အယ်မီဂရာဟီက ဖောက်ခွဲခဲ့ရာ အမေရိကန် အများစု ပါ၀င်သော ခရီးသည် (၂၇၀)ကျော် သေဆုံးခဲ့ပြီး ထိုပြစ်မှု၏ တရားခံမှာ ပြီးခဲ့သည့် လက ဗြိတိန် အစိုးရ၏ လွှတ်ပေးမှုကြောင့် မိခင်နိုင်ငံ၊ လစ်ဗျားသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

မီဂရာဟီ သည် ဆီးကြိတ်ကင်ဆာ နောက်ဆုံးအဆင့် ဝေဒနာအား ခံစားနေရပြီး နောက်ထပ် (၃)လ အတွင်း သေဆုံး ရတော့မည်ဟု ဆရာဝန်များက ခန့်မှန်းခဲ့ပြီးနောက် ဗြိတိန် အစိုးရက ယခုလို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အိုဘားမားက ထိုလုပ်ရပ်အတွက် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဘရောင်းနှင့် မိနစ်(၄၀)ကြာ ဖုန်းပြောနေစဉ် စက်တင်ဘာလ (၁၀)ရက်နေ့က ထည့်သွင်း ပြောဆိုခဲ့သည်။

ဗြိတိန် ၀န်ကြီးချုပ် ရုံးစိုက်ရာ ဒေါင်းနင်းလမ်း အသိုင်းအဝိုင်းက အကျဉ်းသားအား ပြန်လွှတ်ပေးမှုနှင့် ပတ်သက်ပြီး မဟာမိတ် နှစ်နိုင်ငံ ခေါင်းဆောင်များ အမြင်ခြင်း ဖလှယ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ထို့အပြင် ယခု ဆုံးဖြတ်ချက်ကြောင့် အမေရိကန်နှင့် ဆက်ဆံရေး ပျက်ပြား လာနိုင်ကြောင်း သုံးသပ်မှုများ မှာလည်း အခြေအမြစ် မရှိကြောင်း ဗြိတိန် အစိုးရက ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here