အေစီမီလန် အသင်းသည် ဒေးဗစ်ဆေးဗား အား ခေါ်ယူရန် ပစ်မှတ်ထားနေ

alt

အေစီမီလန် အသင်းသည် မန်ချက်စတာ ယူနိုက်တက် နှင့် လီဗာပူး အသင်းများက ပစ်မှတ် ထားနေသည့် ဗလန်စီယာ တောင်ပံ ကစားသမား ဒေးဗစ်ဆေးဗား အား ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူ သွားနိုင်ရန် ပစ်မှတ် ထားနေကြောင်း သိရှိရသည်။

အသက် (၂၃)နှစ်ရှိ ဆေးဗားသည် စပိန် လက်ရွေးစင် အသင်းနှင့် ဗလန်စီယာ တို့၏ အတောက်ပဆုံး ကြယ်ပွင့် ကစားသမား တဦးဖြစ်ပြီး အီတလီ နာမည်ကျော် ကလပ်အသင်းသည် ၎င်းအတွက် ပေါင်(၂၅) သန်းခန့် ပေးချေ ရဖွယ် ရှိနေသည်။

ယူနိုက်တက် သည် ၎င်းတို့၏ အကောင်းဆုံး တောင်ပံသမား ခရစ်စတီယာနို ရော်နာဒိုအား ရီးရဲလ် မက်ဒရစ်သို့ ရောင်းချ လိုက်ပြီးနောက် တောင်ပံ တိုက်စစ်အတွက် ဆေးဗားနှင့် ပြန်လည် ဖြည့်တင်းရန် ဆန္ဒရှိနေသည်။

ထို့အတူ လီဗာပူးနည်းပြ ရာဖေး ဘင်နီတက်စ် ကလည်း ဆေးဗားအား အလိုရှိ နေကြောင်း ထုတ်ဖော် ၀န်ခံထားသည်။ ဆေးဗားသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလအတွင်း ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်းတပ် စသည့် ထိပ်တန်းဥရောပ အသင်းများမှ စိတ်ဝင်စားမှုကို ခံခဲ့ရသော်လည်း ဗလန်စီယာ၏ ဈေးကိုင်မှုကြောင့် အသင်း မပြောင်းဖြစ်ခဲ့ပေ။

အေစီမီလန် သည် ဆေးဗားကို ခေါ်ယူရန် ပြင်ဆင်နေသလို ဇန်နဝါရီလတွင် လော့စ်အိန်ဂျယ်လိစ် ဂလက်စီမှ ၎င်းတို့ထံ (၆)လ အငှား လာကစားဖူးသည့် အင်္ဂလန် လက်ရွေးစင် အလယ်တန်းသမား ဒေးဗစ်ဘက်ခမ်း ကိုလည်း နောက်တကြိမ် အငှားခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here