ဂျော့ဘုရှ်အား ဖိနပ်ဖြင့် ပစ်ပေါက်သည့် သတင်းထောက် မကြာမီ ပြန်လွတ်တော့မည်

alt

အမေရိကန် သမတဟောင်း ဂျော့ဘုရှ်အား ဖိနပ်ဖြင့် အားရပါးရ ပစ်ပေါက် ခဲ့ပြီးနောက် ကမာ္ဘကျော်ခဲ့သူ အီရတ် သတင်းထောက်မှာ မကြာမီ ပြန်လွတ်လာ တော့မည် ဖြစ်သည်။

စက်တင်ဘာ (၁၄)ရက် နေ့တွင် မွန်တာဒါ အယ်ဇိုင်ဒီသည် ထောင်ဒဏ် ကျခံနေရာမှ လွတ်မြောက်လာဖွယ် ရှိနေပြီး အာရပ်ကမာ္ဘ တခုလုံးက ၎င်းလွတ်လာချိန်တွင် သူရဲကောင်း တဦးသဖွယ် ကြိုဆိုရန် ပြင်ဆင် နေကြကြောင်း သိရှိရသည်။

အယ်ဇာဒီသည် လောလောဆယ်တွင် ထောင်ထဲမှ မထွက်ရ သေးသော်လည်း ၎င်းအတွက် ငွေကြေး ချီးမြှင့်ချင်သူများ၊ အလုပ်ခန့် ချင်သူများ၊ လက်ထပ်ချင် သူများ၊ နိုင်ငံရေး ပါတီအတွင်းသို့ ဖိတ်ခေါ်ချင် သူများဖြင့် ၀ိုင်းဝိုင်းလည်နေပြီ ဖြစ်သည်။

သို့သော်လည်း အယ်ဇိုင်ဒီ၏ အစ်ကိုက အာဏာပိုင်များသည် အယ်ဇိုင်ဒီအား သတင်းထောက်အဖြစ် ဆက်လက် လုပ်ကိုင်ခွင့် မပြုတော့ရန် ရာခိုင်နှုန်း များကြောင်း ခန့်မှန်းခဲ့သည်။ အယ်ဇိုင်ဒီသည် (၂၀၀၈)ခုနှစ်၊ ဒီဇင်ဘာ (၁၄)ရက် နေ့က ဘုရှ် စကားပြောနေစဉ် ဖိနပ်နှစ်ဖက်ကို ချွတ်ပြီး ပစ်ပေါက်ခဲ့သော်လည်း ထိုစဉ်က အမေရိကန် သမတကြီးက အသက်အရွယ်နှင့် မလိုက်အောင် ဖျတ်ဖျတ်လတ်လတ် ရှောင်တိမ်းသွားသဖြင့် ရည်မှန်းချက် မအောင်မြင်ခဲ့ပေ။

သို့သော်လည်း အယ်ဇိုင်ဒီသည် အလွန် လူသိများသူ ဖြစ်သွားခဲ့ပြီး ထိုလုပ်ရပ် အတွက် ထောင်ဒဏ်(၃)နှစ် ချမှတ် ခံရပြီးမှ အယူခံကြောင့် မကြာမီ လွတ်လာတော့မည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here