တာလီဘန် ထိပ်တန်းခေါင်းဆောင် ပါကစ္စတန်တွင် ဖမ်းဆီးရမိ

alt

တာလီဘန် တပ်ဖွဲ့များ၏ ထိပ်တန်း ခေါင်းဆောင် တဦးကို ပါကစ္စတန် နိုင်ငံအတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

မူဆလင်ခမ် သည် တာလီဘန် အဖွဲ့၏ လက်ရှိ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်ပြီး ပြီးခဲ့သည့် လက ဖမ်းဆီးရမိသူ မူဗီအိုမာ အစား ဆက်ခံခဲ့သည့် ခေါင်းဆောင်လည်း ဖြစ်သည်။

၎င်းအား အခြား စစ်သွေးကြွ (၄)ဦးနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဆွက်တောင်ကြား ဒေသသို့ ကျူးကျော် တိုက်ခိုက်လာသည့် တာလီဘန် တပ်များ၏ ခေါင်းဆောင် တဦးဖြစ်သူ ခမ်သည် ပါကစ္စတန် အစိုးရ၏ အလိုအရှိဆုံး အကြမ်းဖက်သမား တဦးလည်း ဖြစ်သည်။

ထို့အပြင် လက်ရှိ ဆွက်တောင်ကြားတွင် ပုန်းခိုနေသည့် တာလီဘန် တပ်ဖွဲ့များ အနက် ရာထူးအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ပါကစ္စတန် တပ်မတော်က ဇူလိုင်လမှ စတင်ခဲ့သော ထိုးစစ်များသည် နောက်ပိုင်းတွင် တစထက် တစ အောင်မြင်မှုများ ရရှိလာနေသလို တာလီဘန် ထိပ်တန်း ခေါင်းဆောင်များ ကိုလည်း ဖမ်းဆီး ရမိနေကြောင်း ကြေညာခဲ့သည်။

ယခင်က ပါကစ္စတန် စစ်တပ်များသည် တာလီဘန် ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးနိုင်ခြင်း မရှိသည့် အတွက် ဝေဖန်မှုများ ခံခဲ့ရသည်။ ခမ်နှင့်အတူ နာမည်ကျော် စစ်သွေးကြွ ခေါင်းဆောင် တဦးဖြစ်သည့် မာမွတ်ခန်းကိုလည်း ထိန်းသိမ်း ထားနိုင်ပြီးဖြစ်ကာ လက်ရှိ အချိန်တွင် အခြား တာလီဘန် ခေါင်းဆောင် တဦးဖြစ်သည့် မူလာနာ ဖက်ဇလူလာကို ရှာဖွေနေဆဲ ဖြစ်သည်။

ဆွက်ဒေသတွင် ပါကစ္စတန် စစ်ကြောင်းများ တစထက်တစ အောင်ပွဲ ခံလာနိုင်သလို စစ်သွေးကြွ ခေါင်းဆောင် ဘေတူလာ မာဆက် မှာလည်း အမေရိကန် မောင်းသူမဲ့ လေယာဉ်မှ ပစ်ခတ်လိုက်သော ဒုံးကျည်ကြောင့် သေဆုံးခဲ့ပြီး ဖြစ်သည်။ ပါကစ္စတန် တပ်မတော်သည် စစ်သွေးကြွ ထိပ်သီး ခေါင်းဆောင်ပိုင်းအား ဖမ်းဆီးရမိတိုင်း ဆုငွေအဖြစ် ရူပီးငွေ(၁၀)သန်း ချီးမြှင့်လေ့ ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here