အင်္ဂလန်အသင်း အောင်မြင်မှု စတီဖင်ဂျာရတ် အား အထောက်အကူ ပြုဟုဆို

alt

အင်္ဂလန်အသင်း ကမာ္ဘ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းက လီဗာပူး အသင်း ကပ္ပတိန် စတီဖင် ဂျာရတ်အား ခြေမှန် ပြန်ရလာအောင် စိတ်ဓာတ် မြှင့်တင် ပေးနိုင်မည်ဟု လီဗာပူး နည်းပြ ရာဖေး ဘင်နီတက်စ်က ပြောကြား လိုက်သည်။

အင်္ဂလန် လက်ရွေးစင် အသင်းသည် စက်တင်ဘာလ (၉)ရက် နေ့က ခရိုအေးရှားအား လန်ဒန်တွင် လက်ခံကစားပြီး (၅-၁)ဖြင့် အနိုင်ရရှိကာ (၂၀၁၀) ကမာ္ဘ့ ဖလားသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ဂျာရတ်သည် လီဗာပူးတွင် ပုံမှန်ခြေစွမ်း ပျောက်ဆုံး နေသော်လည်း အင်္ဂလန် နှင့် ခရိုအေးရှား တို့ ပွဲတွင်မူ အထူး ခြေစွမ်းပြကာ ခေါင်းတိုက် ဂိုး(၂)ဂိုး သွင်းယူ ပေးခဲ့သည်။

ထိုနေ့ပွဲတွင် ဂျာရတ်၏ လီဗာပူး ကစားဖော် တောင်ပံခံစစ်မှူး ဂလင်းဂျွန်ဆင် မှာလည်း အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး ပြသ သွားခဲ့သည်။ ယခုပွဲတွင် ဂျာရတ်သည် ကွင်းလယ် နေရာစုံ ပံ့ပိုးသွားကြောင်း၊ ထိုခြေစွမ်းကို ဆက်ထိန်းထားပြီး အင်္ဂလန်၏ အောင်ပွဲ စိတ်ဓာတ်ကို လီဗာပူး အထိ သယ်ဆောင်လာခဲ့မည်ဟု မိမိ မျှော်လင့်ကြောင်း ဘင်နီတက်စ်က ဆိုသည်။

လက်ရွေးစင် အသင်းအတွက် (၂)ဂိုး သွင်းပြီးနောက် ဂျာရတ်၏ ယုံကြည်မှုသည် အဆုံးစွန်ထိ မြင့်မားနေပြီး ထို စိတ်ဓာတ်ကြောင့်ပင် လီဗာပူးအား အောင်ပွဲများထံ ဦးဆောင် သွားလိမ့်မည်ဟု ဘင်နီတက်စ်က Daily Mail သတင်းစာကြီးသို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here