အမျိုးသား လိင်အင်္ဂါကို ခုတ်ဖြတ်ခဲ့သူ အမျိုးသမီးအား ပြစ်ဒဏ်ချမှတ် ရက်ရွှေ့ဆိုင်း

alt

အမျိုးသား တဦး၏ လိင်အင်္ဂါကို ဆရာဝန် များက ပြန်ဆက်ပေးမှု အောင်မြင်ခဲ့ပြီး နောက် ထိုအင်္ဂါကို ခုတ်ဖြတ်ခဲ့သည့် အမျိုးသား၏ ချစ်သူ အား ပြစ်ဒဏ် ချခံရန်

ကိစ္စကို တူရကီ တရားရုံးက (၁၈)လ ရွှေ့ဆိုင်း ပေးလိုက်ကြောင်း သိရှိ ရသည်။

ယခုအခါ အမျိုးသား၏ အင်္ဂါသည် တစထက် တစ ပုံမှန်လုပ်ငန်း ဆောင်တာ များကို ပြန်လည် လုပ်ဆောင် နေနိုင်ပြီဟု တရားရုံးက စက်တင်ဘာ (၁၀)ရက် နေ့တွင် ကြေညာခဲ့သည်။

ပင်လယ်နက် ကမ်းခြေရှိ ထရက်ဇွန် တွင် ဖြစ်ပွား ခဲ့သော ဓားစွမ်းပြမှု တရားခံ အသက် (၃၉)နှစ် အရွယ် အမျိုးသမီးမှာ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ရလဒ်များ အရ ပြစ်ဒဏ် အတိမ်အနက်ကို အတိအကျ ချမှတ် နိုင်ရန် ယခုလို ရွှေ့ဆိုင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အကယ်၍ အမျိုးသား၏ အင်္ဂါမှာ သုံးမရဘဲ ပျက်စီးသွားခြင်း၊ လူစဉ်မမီ ဖြစ်သွားခြင်းတို့ ဖြစ်လာလျှင်မူ ၎င်း၏ ချစ်သူသည် ပြစ်ဒဏ်အပြည့် ကျခံရမည် ဖြစ်သည်။ ယခုကိစ္စကို မည်သည့် ရာဇဝတ်မှု အမျိုးအစားထဲ ထည့်ရမည် မသိကြောင်း၊ လိင်အင်္ဂါကို ချစ်သူက ဓားဖြင့် ဖြတ်ခြင်းသည် ပထမဆုံး အဖြစ် ကြားဖူးခြင်းသာ ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းက ဆိုသည်။

ထို အမျိုးသမီးသည် သူမ၏ အသက် (၂၈)နှစ် အရွယ် ချစ်သူ၏ လိင်အင်္ဂါ ပြန်လည် ကောင်းမွန်လာမှု အခြေအနေ အပေါ် မူတည်ပြီး ထောင်ဒဏ် (၁)နှစ်နှင့် (၃)နှစ်ခွဲ အတွင်း ကျခံရမည် ဖြစ်သည်။ အကယ်၍ အမျိုးသားအဖို့ ဘဝ ဆုံးစရာ ဖြစ်သွားလျှင်မူ သူမ အတွက် ထောင်ဒဏ် (၈)နှစ်မှ လွတ်စရာ လမ်းမရှိကြောင်း ဟာဘာတက် သတင်းစာက ရေးသား ထားသည်။

အမျိုးသမီးက ၎င်း၏ ချစ်သူသည် သူမအား အတည်တကျ လက်ထပ်ယူမည်ဟု ကတိပေးထားပြီးမှ ဖောက်ဖျက်ခဲ့သဖြင့် ယခုလို တုန့်ပြန်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ထို့အပြင် သူမအား ရိုက်နှက်ပြီး ပြည့်တန်ဆာ အလုပ်ပင် လုပ်ခိုင်းခဲ့ကြောင်း အမျိုးသမီးက တရားရုံးတွင် ထွက်ချက် ပေးခဲ့သည်။

ထို့ကြောင့်လည်း အမျိုးသား အရက်သောက် နေစဉ် လိင်အင်္ဂါကို ဓားနှင့်ခုတ်ပြီး အိမ်နီးချင်း တဦး၏ အိမ်အမိုးပေါ် ပစ်တင် ထားလိုက်ခြင်း ဖြစ်သည်။ ခွဲစိတ် အထူးကုများသည် အမျိုးသား၏ အရေးကြီး ပစ္စည်းကို ပြန်ဆက်နိုင်ရန် (၁၁)နာရီ လုံးလုံး အချိန်ယူ ခဲ့ရပြီး အဆုံးသတ်တွင် အောင်မြင်မှု ရရှိခဲ့ကြောင်း ကြေညာ သွားခဲ့သည်။

သို့သော် ထိုသူအနေနှင့် လိင်မှု ကိစ္စများ အင်အား အပြည့် ပြန်လည် ဆောင်ရွက်နိုင်ရန် (၆)လမျှ အချိန်ယူ ရဦးမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here