အက်ပဲ(လ်) iPod Nano မျိုးဆက်သစ် ထွက်ရှိလာ

alt

Apple ကုမ္မဏီသည် ၎င်းတို့၏ နောက်ဆုံးပေါ် iPod မျိုးဆက် အသစ်ကို ထပ်မံ ထုတ်လုပ် ခဲ့ပြီ ဖြစ်သည်။

ယခု အသစ်ထွက် iPod Nano တွင် ဗီဒီယို ကင်မရာ ပါ၀င်လာပြီး iTune 9 ကိုလည်း Apple က iPod အသစ်နှင့် အတူ စက်တင်ဘာ (၁၀)ရက် နေ့က ထုတ်ဝေ လိုက်သည်။

Apple ၏ ထုတ်ကုန်သစ် နှစ်မျိုးလုံးကို မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာ Apple ၏ CEO ဖြစ်သူ စတိဗ်ဂျော့ဘ်မှာ ထိုအခမ်းအနား ၂ခုလုံးအား အံ့အားသင့်ဖွယ် တက်ရောက်ခဲ့သည်။ အသက်(၅၄)နှစ် အရွယ် ဂျော့ဘ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ မှစပြီး Apple ၏ ထုတ်ကုန်သစ် များအား ကျန်းမာရေး အခြေအနေကြောင့် မိတ်ဆက် ပြသနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ယခုအခါတွင် CEO ကြီးသည် iTune 9 ကို ပရိသတ်အား မိတ်ဆက်ပေးခဲ့ပြီး iPhone၊ iPod နှင့် iTune 9 တို့တွင် အသုံးပြုနိုင်မည့် Operating System အသစ် Version 3.1 ကိုပါ ပြသ သွားခဲ့သည်။

ဂျော့ဘ်သည် iPod Nano ကိုလည်း ပြသခဲ့ရာ ထို Media Player လေးတွင် ဗီဒီယို ကင်မရာ၊ Microphone နှင့် Built-in Speaker များ ပါ၀င်နေသည်ကို တွေ့ရသည်။ ထို့အပြင် FM Radio စနစ်တခု ပါ၀င်လာပြီး Pause လည်း ပြုလုပ်ထားနိုင်သည်။ iPod Nano အသစ်သည် iTune 9 မှ File များကိုလည်း အလွယ်တကူ Download ဆွဲချနိုင်ရန် စီစဉ်ပေးထားသည်။

iPod Nano သည် သေးသွယ်ပေါ့ပါးပြီး ယခင် Version ဟောင်းမှ Screen (၂)လက်မကို (၂.၂)လက်မ အထိ တိုးချဲ့ တပ်ဆင်ထားသည်။ iPod Nano သည် ကမာ္ဘပေါ်တွင် လူကြိုက်အများဆုံး Media Player အဖြစ် ရပ်တည် နေဆဲဖြစ်ပြီး စတင် ထုတ်ဝေချိန်မှ စကာ ကမာ္ဘတဝှမ်းတွင် အလုံးရေ သန်း(၁၀၀)ကျော် အထိ ရောင်းချထားနိုင်ခဲ့ပြီး ဖြစ်သည်။ iPod Nano တွင် ပါ၀င်သော ဘက်ထရီသည် တကြိမ် အားသွင်းထားပြီး သီချင်း နားထောင်ပါက (၂၄)နာရီ ဆက်တိုက် အသုံးခံပြီး ဗီဒီယိုကြည့်လျှင် (၅)နာရီ မရပ်မနား အသုံးပြုနိုင်သည်။ ထို့အပြင် ၎င်း၏ဗီဒီယို ကင်မရာဖြင့် ရိုက်ထားသမျှကို ကွန်ပျူတာ (သို့မဟုတ်) YouTube ၀ဘ်ဆိုဒ်သို့ အလွယ်တကူ ချိတ်ဆက် ကူးပြောင်း ပေးနိုင်သည်။

iPod Nano အား 16GB အတွက် (၁၇၉) ဒေါ်လာနှင့် 8GB အတွက် (၁၄၉)ဒေါ်လာ ဈေးနှုန်းသတ်မှတ်ကာ အမေရိကန်တွင် စတင် ရောင်းချပေးမည် ဖြစ်ပြီး ဗြိတိန်အတွက် ဈေးနှုန်းကိုမူ မသိရသေးပေ။ အတည် မပြုနိုင်သေးသော သတင်းများအရ Apple သည် iPod Touch ၏ 64GB Version သစ်ကိုလည်း ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းပစ္စည်းသစ်သည် iPod Touch 34GB ထက် နှစ်ဆပိုမြန်ပြီး ဈေးနှုန်းမှာ (၃၉၉) ဒေါ်လာခန့် ဖြစ်နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here