ဂျနီဖာ အင်နစ်စတန် ရုပ်ရှင် ရိုက်ကူးခြင်းမှ ခေတ္တ အနားယူမည်ဟု ဆို

alt

ရုပ်ရှင် ရိုက်ကူးမှုများကို ခေတ္တ မေ့ထားပြီး စိတ်လွတ် ကိုယ်လွတ် အနားယူ ဦးမည်ဟု မင်းသမီး ဂျနီဖာ အင်နစ်စတန်က ပြောကြား လိုက်သည်။

အသက် (၄၀)အရွယ်ရှိ ဟောလီးဝုဒ် အကျော်အမော် မင်းသမီးချောသည် နယူးယောက်တွင် The Bounty ဇာတ်ကားကို မကြာသေးမီ ကမှ ရိုက်ကူး ပြီးစီးခဲ့ကာ (၂၀၀၉) နှစ်ကုန်ပိုင်း အထိ Love Happens ဇာတ်ကားအား Promotion ပြုလုပ်ခြင်းမှ လွဲပြီး အနုပညာ အလုပ်များကို ခေတ္တ မျက်ကွယ် ပြုထားမည်ဟု ပြောကြားခဲ့သည်။

သူမ အနေနှင့် ထုတ်လုပ်ရေး ကုမ္ပဏီ Echo နှင့်လည်း ညှိနှိုင်းထားကြောင်း၊ အနည်းဆုံး ဇန်နဝါရီလ အထိ ဇာတ်ကားများကို မရိုက်ကူးဘဲ အာရုံ ပြောင်းစေမည့် အခြားလုပ်ငန်း တမျိုးမျိုးတွင် စိတ်နှစ်ထားမည် ဖြစ်ကြောင်း ဂျနီဖာက ထုတ်ဖော် ပြောဆိုခဲ့သည်။

သူမသည် ရိုက်ကွင်း များတွင်သာ အချိန်ကုန် ခဲ့ရသည်မှာ ယခု နှစ်ပိုင်းတွင် ဆက်တိုက်လိုလို ဖြစ်နေပြီး ညည်းငွေ့ ပင်ပန်းနေပြီဟု ဂျနီဖာက Fox သတင်းဌာနသို့ ပြောကြားခဲ့သည်။ လူတဦးသည် ပျင်းရိ ညည်းငွေ့မှုများ ဖြစ်ပေါ်လာသည့် အခါ အလုပ်ကိုလည်း အာရုံ စိုက်ရာတွင် ပေါ့လျော့ သွားတတ်ကြောင်း မင်းသမီးက ဆိုသည်။

ဂျနီဖာ ပါ၀င် သရုပ်ဆောင်ထားသည့် Love Happens သည် မုဆိုးမ တဦးက သူမ၏ သောကကို ဖော်ကျူးထားသည့် ဇာတ်လမ်းကို ရေးသား ထုတ်ဝေခဲ့ရာ အရောင်းရဆုံး စာအုပ်တအုပ် ဖြစ်လာခဲ့ခြင်းကို အခြေခံ ရိုက်ကူးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here